"ဝေ..ကျွန်တော်က ဝမ်ရိပေါ် ပါ..''
(အော်.. ပြောလေ..ဘာကိစ္စရှိလို့လဲ)
"ဟုတ်ကဲ့.. အန်ကယ်..ကျွန်တော် ခုပြောမယ့်စကားကို..နားနဲ့မနာဖဝါးနဲ့နာပါ..အန်ကယ် ....တကယ်တော့
အန်ကယ့်သားနဲ့..ကျွန်တော်က.. ချစ်သူတွေပါ..ပြီးတော့ ..ကျွန်တော်တို့ နှစ်ယောက် က..စည်းတွေဘောင်တွေကျော်လွန်သည်အထိ ဖြစ်ပြီးပြီ
အဲ့တာကြောင့်.. ကျွန်တော့်ကို သူနဲ့
လက်ထပ်ဖို့ ခွင့်ပြုပေးပါ.. တောင်းဆိုပါတယ်.. ''(အမ်...အင်း.. အင်းပါ.. အန်ကယ်တို့
အပြင်မှာ တွေ့ပြီးပြောကြတာပေါ့..)"ဟုတ်.. ကျွန်တော်က အန်ကယ့်ကို
မျက်နှာပူလို့ပါ.. အဲ့တာဆို.. မနက်ဖြန်..ကျွန်တော် ချုံချင်း ကို လာခဲ့မယ်လေ.. ''(အင်း.. သားကျန့်ကရော..လိုက်လာမှာလား..)
"ဟင့်အင်း.. ကျွန်တော်တစ်ယောက်တည်းလာမှာ..''
(အော်..အေးအေး...ရောက်ရင် အကြိုလွှတ်လိုက်မယ်..ဖုန်းဆက်နော်..)
"ဟုတ်ကဲ့.. ကျေးဇူးပါ.. အဲ့တာဆိုလည်း ဒါပဲလေ.. ''
ဖုန်းချပြီးနောက်..နူတ်ခမ်းကို
ကောက်ကျစ်စွာ..ပြုံးလိုက်ကာ
သဘောတကျဖြစ်နေမိသည်။ခုဆို ရှောင်းကျန့် ပါးပါး က..သူတို့ကို သဘောတူတယ်မပြောပေမယ့်..လက်ခံပေးတဲ့..အရိပ်အယောင်ပြနေတာပဲ။
မကြာမီ ဟောက်ရွှမ်း ရောက်လာပြီး
သူလည်း..ကုမ္မဏီကို သွားဖို့..ပြင်ဆင်တော့သည်။.............
ကျိရန် စွပ်ပြုတ်လုပ်ပြီး..အခန်းထဲကို ဝင်လာတော့..အိပ်ပျော်နေသည့်ကလေးငယ်ကိုမြင်လိုက်ရသည်။
ဘယ်လောက်တောင် ပင်ပန်းခဲ့လေမလဲ.... ဝမ်ရိပေါ်.. မင်းကွာ။
"ကလေး..''
"ဟမ်.. အင်း.. ''
"ထတော့လေ.. မနက်စာစားရအောင်
ကိုကို ခရုစွပ်ပြုတ်လေးလုပ်ထားတယ်..ထနိုင်ရဲ့လား...''"အင်း.. ထနိုင်..အ..''
ရှောင်းကျန့်က အိပ်ယာကနေထလိုက်ပေမယ့်..ပြန်ပြီး..လဲကျသွားသည်။
"လာ..ကိုကို ပွေ့ခေါ်မယ်..''
"ဟီး..အားနာစရာကြီး.. ကျေးဇူးပါ ''
أنت تقرأ
မချစ်ရဲရင်အသည်းထားခဲ့ (Complete)
أدب الهواةအချစ်ဆိုတာBabyအတွက်ဘယ်လိုလဲမသိပေမယ့်..ကိုယ့်အတွက်ကတော့ ရယူခြင်းပဲBaby WYB တစ်ယောက်တည်း ချစ်နေလို့ မပြီးဘူး. တစ်ဖက်ကလည်းချစ်အုန်းမှပြီးပြည့်စုံမှာ..အဲ့လိုပဲ အတ္တ ကြီးနေတော့ ခင်ဗျားကို ကျွန်တော် ဘယ်လိုချစ်ရဲမှာလဲ.. XZ