21u+z

2.3K 145 0
                                    


အားလုံး အဆင်ပြေပြေနဲ့..ပေါင်းလာတဲ့ ၃လအတွင်းမှာ သူတို့နှစ်ယောက် တော်တော်လေးကို ရင်းနှီးမှုရခဲ့သည်
သို့ပေမယ့် အခန်းကတော့ ခွဲအိပ်သည်။

အဲ..နေ့တစ်နေ့ကိုမရောက်ခင်ပေါ့

မနက်ခင်းတစ်ခုတွင်.. Breakfast စားရင်း

"ဟိုလေ.. ဥက္ကဋ္ဌ အဲ..ကိုကြီး.. ကျွန်တော်.. အလုပ်ပြန်စတော့မယ်..''

"မလုပ်လို့ မရဘူးလား..ကိုယ်ရှိ... ''

"ကျွန်တော့်အိပ်မက်တွေကို..မစွန့်လွှတ်နိုင်ပါဘူး.. ''

စကားမဆုံးခင်ဖြတ်ပြောလိုက်သော
ရှောင်းကျန့် အသံက မာကျောနေသည်။

"ကိုယ်က..မင်းပင်ပန်းနေမှာစိုးလို့ပါ..''

"ဟင့်အင်း..မပင်ပန်းပါဘူး..  ကျေးဇူးပါ စိတ်ပူပေးလို့ ...''

"ရပါတယ် ကိုယ်ရုံးသွားတော့မယ်..''

>>>>>>>>>>>><<<<<<<<<<<<<

"ရှောင်းကျန့်!!!..''

"ဘာလဲ!!.. ကျွန်တော့်ကို မအော်ပါနဲ့
မကြိုက်ဘူး..  ''

နေ့လည်က..ပို့လာတဲ့ပုံတွေကြောင့်
ဝမ်ရိပေါ် ဒေါသဖြစ်နေခြင်း။

"ဒါက..ဘာလဲ... မင်း..ပြောစမ်း..အဲ့တာက ဘာသဘောလဲ.. ''

"ဓာတ်ပုံတွေလေ....စမ်းသလား..ဒါတွေကြည့်ပြီး..လောင်ပြမနေနဲ့..''

"ဘာကွ! !...ငါက မင်းကို ချစ်လို့ အလျှော့ပေးနေတာလေ..မင်းက ရောင့်တက်တာလား..ကွယ်ရာမှာ တောင် ဖောက်ပြန်တတ်နေပြီပဲ. အဟက်... ''

"ခင်ဗျား!!..စကားကို ဆင်ခြင်​ပြောပါ
ခု..ဒီပုံတွေ..ဘယ်သူပို့တာလဲ ကျွန်တော်မသိဘူး.. ကျွန်တော်တို့ နှစ်ယောက် ကို မစော်ကားနဲ့ ''

"စော်ကားတာ မဟုတ်ဘူး.. အမှန်တွေလေ..မဟုတ်ဘူးဆိုရင် ရှင်းပြလေ.. ''

"ကျစ်..ဦးဝမ်ရိပေါ်... ခင်ဗျားဘာဖြစ်နေတာလဲ..ဘာဖြစ်ချင်တာလဲ.. မယုံဘူးလား.. ကျွန်တော့်ကို.. ''

"ယုံစေချင်ရင်ရှင်းပြလေ...''

"ခင်ဗျား...မယုံရင်နေပေါ့... ကျွန်တော်လည်း အာညောင်းခံပြီး
ရှင်းမပြချင်ဘူး..ရှင်းခိုင်းကတည်းက..ကျွန်တော့်ကို မယုံတာအသိသာကြီး..''

မချစ်ရဲရင်အသည်းထားခဲ့ (Complete) Nơi câu chuyện tồn tại. Hãy khám phá bây giờ