11u+z

2.4K 174 6
                                    

ဒီနေ့က ရိုက်ကူးတာ၅လပြည့်တဲ့နေ့..
တနည်းအားဖြင့် ရိုက်ကူးရေး ပြီးဆုံးတဲ့နေ့။

"ကဲ...အားလုံး ပင်ပန်းသွားကြပြီ..ဒီနေ့ညကို..အဖွဲ့သားတွေ အားလုံးကို မုန့်လိုက်ကျွေးမယ်.. တဲ့ မင်းတို့ဘုရင်ကြီး..ကျိုးချန်က..''

Director ရဲ့စကားအဆုံး လင်းလက်သွားသော..မျက်လုံးတွေနဲ့ ကျိုးချန်ကို.ကြည့်လာတဲ့ အဖွဲ့သားတွေ။

ကျိုးချန်ကတော့ ခပ်ပြုံးပြုံးပဲ
ရှောင်းကျန့် အနားကို ထထွက်သွားသည်။

ရှောင်းကျန့်လေးသည် ဖုန်းတစ်လုံးနဲ့ ဓာတ်ပုံရိုက်ပြီး အလုပ်ရှုပ်နေလေသည်။

လှပတဲ့ နန်းတော်ရာနဲ့..အခြားနန်းဥယျာဉ်တွေဘက်သွားလိုက်..ကြာကန်ဘေးမှာ ရိုက်လိုက်.. တကယ်ကို ချစ်ဖို့ကောင်းသောကောင်လေးပါလေ..

"ကျန့်လေး.. ''

"ဟာ..ကော..''

"ရိုက်လှချည်လား..ဓာတ်ပုံတွေ က..ဘယ်သူ့ဆီ..ပို့မလို့လဲ.ပြောပါအုံး ''

"ကျွန်တော်ကဘာဖြစ်လို့ သူများဆီပို့ရမှာလဲ..ပါးနဲ့မားဆီ..ပို့မလို့ပါ..ကောရဲ့ ''

"ဟုတ်လား ..ကောကိုပြပါလား..''

"အင်း.. ကြည့်လေ..ခဏ..မဝေဖန်ရဘူး ၊ မရယ်ရဘူး..''

"ဟုတ်ပါပြီ... ''

ကျိုးချန် ဓာတ်ပုံကြည့်နေတုန်း..ရွမ်လုက

"အမလေး.. ဘုရင်ကြီး နဲ့ အမတ်ကြီးပဲ ဘာလုပ်နေကြတာလဲ.. ''

"ကောကို ဓာတ်ပုံတွေ ပြနေတာ.. ကျဲရဲ့ လာထိုင်လေ..''

ဘေးကနေရာဘေးကိုပုတ်ပြပြီး..ကျဲကို လာထိုင်ရန် ခေါ်နေသည့်..ရှောင်းကျန့်ကို.. ကျိုးချန်က တစ်ချက်ကြည့်လိုက်ပြီး
ဖုန်းထဲက ပုံတွေကိုသာ ပြန်ကြည့်နေလိုက်သည်။

.........

YZ.co.l.td

"ကောချန်... လာခဲ့ အုန်း.. ငါ့ဆီ..''

"ဗျာ.. ဟုတ်ကဲ့.. Boss..''

ကောချန် တစ်ယောက် ခပ်ကုပ်ကုပ်လေး..Bossအနားကို..သွားလိုက်သည်။

"ဘာခိုင်းမလို့လဲ Boss..''

"ဒီနေ့..ငါသွားစရာရှိတယ်.. အဲ့တာ..
ကုမ္မဏီကို..ကြည့်ပေးထား..''

မချစ်ရဲရင်အသည်းထားခဲ့ (Complete) Donde viven las historias. Descúbrelo ahora