မနက်လင်းတော့..ရှောင်းကျန့်က အရင်ဦးဆုံးနိုးလာခဲ့သည်။
"... ဟာ..ငါက ဒီမှာ အိပ်ပျော်သွားတာလား..
အာယိုး.. ခေါင်းမူးလိုက်တာ..ဂုတ်ဇတ်တွေတောင်နာနေပြီ..''"ဟင်.. Baby.. အစောကြီး လာလည်တာလား..''
ရှောင်းကျန့်က ညည်းတွားရင်း ဂုတ်ကို..လက်သီးဆုပ်ကာ ဖွဖွလေး ထုနေစဉ် စားပွဲအရှေ့ထိပ်ကနေ..အိပ်မှုန်စုံမွှားထကာ မေးလာသည့်.. ဥက္ကဋ္ဌ ဝမ် ကြောင့်.. ရယ်ချင်သွားသည်..
".. ကျွန်တော် ပြန်တော့မယ် ကိုကြီး.. ''
ယ
"ဟမ်.. နေ..နေပါအုံး.. ''ထပြန်ဖို့..လုပ်နေတဲ့ Baby ကို အလျင်စလို တားလိုက်တော့..မျက်ခုံးတစ်ဖက်ကို..ပင့်ကာ..ဘာလဲ ဆိုတဲ့ အထာနဲ့..မေးလာသည်။
တကယ် ဘယ်လိုလေးလဲမသိဘူးသိပ်လှတာပဲ ချစ်ဖို့ကောင်းလိုက်တာ.. Baby ရယ် ။
"ငေးလို့ပြီးအုန်းမှာလား..ဥက္ကဋ္ဌဝမ်..ကျွန်တော်က ရှုတင်ရှိသေးတယ်.. ''
"ဟို.. အဟမ်း.. ကိုယ်လိုက်ပို့ရမလား.. ''
ငေးကြည့်နေသည်မှာ..ဘယ်လောက်တောင် ကြာသည်မသိ။
တဖက်က ပြောမှ ဥက္ကဋ္ဌ ဝမ်က အသိဝင်လာကာ
အရှက်ပြေ..ချောင်းဟန့်လိုက်သည်။"အာ..ဟုတ်တယ် လိုက်ပို့ပေးအုန်း ကားမပါဘူး
ကျွန်တော်က.. ''"အင်း.. မျက်နှာသစ်ရအောင် ..''
ထို့နောက်တွင်တော့ နှစ်ယောက်သားထွက်ခဲ့ကြသည်။
..........
ကားထဲမှာ.. ရိပေါ်က ရှောင်းကျန့်ကို ခိုးကြည့်နေမိသည်။
ရှောင်းကျန့် ကတော့ အိပ်နေလေ၏။
ပင်ပန်းလို့ ထင်ပါတယ်လေ။"Baby.. မနက်စာစားပြီးမှ..ဟိုတယ်ပြန်လိုက်..''
"အင်း.. ''
စားသောက်ဆိုင် တစ်ခု ရှေ့မှာ ကားရပ်ပြီး..ဆိုင်ထဲကို.ဝင်ခဲ့ကြသည်။
မနက်စာစားနေစဉ်..
Ring ring (မန်နေဂျာကျိုး)
"ဝေ..အစ်ကိုကျိုး...''
(ကျန့်ကျန့်. ဘယ်မှာလဲ.. ရိုက်ကွင်းမှာ လူစုံနေပြီ )
"အာ..ကျွန်တော် ဥက္ကဋ္ဌဝမ်နဲ့..မနက်စာစားမလို့ "
YOU ARE READING
မချစ်ရဲရင်အသည်းထားခဲ့ (Complete)
Fanfictionအချစ်ဆိုတာBabyအတွက်ဘယ်လိုလဲမသိပေမယ့်..ကိုယ့်အတွက်ကတော့ ရယူခြင်းပဲBaby WYB တစ်ယောက်တည်း ချစ်နေလို့ မပြီးဘူး. တစ်ဖက်ကလည်းချစ်အုန်းမှပြီးပြည့်စုံမှာ..အဲ့လိုပဲ အတ္တ ကြီးနေတော့ ခင်ဗျားကို ကျွန်တော် ဘယ်လိုချစ်ရဲမှာလဲ.. XZ