8u+z

2.6K 210 1
                                    

ရှောင်းကျန့်.ဒီနေ့ အလုပ်တွေလုပ်ရတာပင်ပန်းနေပြီဖြစ်သည်။
၁၂ထိုးနေပြီမို့ ဗိုက်လည်း ဆာနေရပြီ။ ကန်တော့ပွဲပေး အခမ်းအနားစတင်ချိန်ကနေပြီးတဲ့အထိ မတ်တပ်ရပ်လိုက် တစ်ခါ ခါးကိုင်းပြီး..အရိုအသေပေးလိုက်မို့ လူလည်းညောင်းချိနေပြီ။

နောက်ပြီး ဓာတ်ပုံ တွေရိုက်ရသေးသည်။ ဇာတ်လမ်းက စရိုက်နေပြီမို့..တချို့တွေက..ဝတ်စုံပြည့်..ဝတ်ဆင်ထားကြသည်။
သူတို့ရိုက်ရမှာက နန်းတွင်းအရှုပ်တော်ပုံ ပုံစံမျိုးဆိုတော့..ဆံပင်တွေ..ဝတ်ရုံတွေနဲ့..ပြင်ဆင်ထားကြတာဖြစ်သည်။

နေ့လည်စာစားနေတုန်းမှာပဲ

"ကျိုးချန်နဲ့ကျန့်ကျန့်.. နားရင်နားလို့ရပြီနော်..မနက်ဖြန်မှ ရိုက်မလား. ဒီနေ့ပဲ တစ်ခန်းနှစ်ခန်းလောက်ရိုက်ဦးမလား.''

"ရတယ်.. ရိုက်လည်းဖြစ်တယ်..''

ဒါရိုက်တာ ရဲ့ အမေးကို ကျိုးချန်ကတော့ အေးဆေးဖြေလိုက်သည်။

"အဲ့တာဆို.. အတော်ပဲပေါ့ အခုက..ဟိုလိုဝတ်စုံတွေဝတ်စရာမလိုသေးဘူး..ဇာတ်လမ်းက Time Travel ပုံစံ ဆိုတော့.. ဒီဘက်ခေတ်ပုံစံအရင်ရိုက်မယ်..ကျန့်လေးကပြင်ဆင်ရမှာ..''

"ဟုတ်.. ''

ရှောင်းကျန့်လည်း...စားသောက်ပြီးစီးတာနဲ့ မိတ်ကပ်ပြင်ရန်..အခန်းထဲဝင်လိုက်သည်။

ဇာတ်လမ်းရိုက်နေတာ..ခုည၈နာရီ ရှိနေပြီ။ ကျိုးချန်ကတော့ခဏလေးရိုက်ပြီးပြန်သွားပြီဖြစ်သည်။

"ကျန့်ကျန့်.. နားလို့ရပြီနော်...''

ဒါရိုက်တာ ပြောသမျှ အခုစကားက..မင်္ဂလာရှိသော စကားပဲလို့တွေးရင်း ရှောင်းကျန့်က ဝတ်စုံတောင်မလဲနိုင်ဘဲ.ဒါရိုက်တာ ကို ခေါင်းညိတ်ကာ ပြုံးပြရင်း ကားပေါ်တက်ကာ မန်နေဂျာနဲ့ အတူ..Hotel သို့ ပြန်လေတော့တယ်။

"ဟူး...အစ်ကိုကျိုး.. ကျွန်တော့်အခန်းဘေးက..အစ်ကို အတွက်တဲ့..နားလိုက်တော့လေ ရော့
သော့က..''

ရှောင်းကျန့်က သက်ပြင်းချကာ သော့လေးကို..လှမ်းပေးရင်း..ရေချိုးခန်းထဲ ဝင်သွားသည်မို့ ကျိုးဟန်က သော့ကို ယူကာအခန်းထဲက ထွက်သွားတော့သည်။

မချစ်ရဲရင်အသည်းထားခဲ့ (Complete) Où les histoires vivent. Découvrez maintenant