18u+z

2.4K 140 0
                                    

ရှောင်းကျန့် အိမ်ရှေ့က ကားသံကြောင့် ပြေးထွက်လာပြီး..ကျိရန် လက်မောင်းကို တွဲလိုက်သည်။

"ကလေး..ဘာလို့ ပြေးလာတာလဲ..
အနာသက်သာလို့လား..''

"အင်း.. ကိုကို.. ပြောစရာရှိတယ်.. ''

"ဘာလဲပြောလေ..''

"ဟို... ပါးပါး က..ဖုန်းဆက်တယ်... ဥက္ကဋ္ဌ ဝမ်နဲ့ ဖြစ်ခဲ့တာတွေ..အကုန်သိသွားပြီ..ကျန့်ကျန့်ငြင်းလိုက်တယ် ၊ဒါပေမယ့်.. ဥက္ကဋ္ဌ ဝမ် က..ပါးပါးဆီ ကိုယ်တိုင် ဖုန်းဆက်ပြီး..ပြောတာတဲ့ ကျန့်ကျန့်သူ့ကိုကြောက်တယ်..''

"ကလေးလေး..အဲ့လိုတွေ မတွေးရဘူးလေ..သူက..ချစ်လို့ ပါ..ကလေးက..အရွယ်ရောက်လာပြီလေ..အဲ့လိုတွေမဆိုးနဲ့တော့..''

"ကိုကို က.. ကျန့်ကျန့်ကို ငြိုငြင်တာလား၊ ကျန့်ကျန့်က..ခုမှ ကလေးပဲရှိသေးတာလေ.. သူက ကြီးပြီ.. တော်ပြီကွာ.. ကိုကို နဲ့ မပြောတော့ဘူး..''

ရှောင်းကျန့်က..လက်ကို ဖြုတ်ပြီး
အပေါ်ထပ်ကို တက်သွားလေသည်။
ကျိရန် လည်း ကလေးငယ်ကို
ကြည့်ပြီး.. သက်ပြင်းတွေသာ ချမိသည်။

"ကလေးရာ... ကိုကို့မျက်စိထဲမှာခုထိ
ကလေးလေးပါပဲ..ဒါပေမယ့်.. တခြားသူက အဲ့လိုမမြင်တော့ဘူးလေ..ဟူး..ခက်လိုက်တာ...''

..............

"တောက်!!!..ဘာပြောတယ်..ဘေဘီ က..ဂျွန့်အိမ်မှာ..ဟုတ်လား..မင်းက ဘယ်လို သိတာလဲ  ''

(ဟုတ်တယ်... ကျွန်တော် ဒီနေ့ အမှတ်မထင် ဘဲနဲ့..ဂျွန်ကို  ဘားမှာတွေ့လိုက်လို့..နောက်ယောင်ခံလိုက်လာတာ...အဲ့တာ တွေ့တာ နဲ့.. အစ်ကို့ဆီ..လှမ်းပြောတာ...)

"အေးပါ.. ဆက်စောင့်ကြည့်.. ဒါပဲ
ငါအစည်းအဝေးရှိသေးလို့..''

ဖုန်းချပြီးနောက် ဝမ်ရိပေါ် လည်း.. အစည်းအဝေးခန်းထဲ ဝင်လိုက်သည်။

.....................

At SG Entertainment

"CEO..ကျန့်ကျန့်ပျောက်နေတယ်..''

ဝေ့ချန်လီ ရုံးခန်းထဲမှာ...ထိုင်ပြီး ခဏအနားယူနေစဉ် ပြာပြာသလဲဝင်လာတဲ့..ကျိုးဟန်ရဲ့..စကားကြောင့်

"ဘာ..ဘယ်လို.. ''

"ဟုတ်တယ်.. ဒီနေ့.. ဒီဇိုင်နာ နဲ့ တွေ့ဖို့
ချိန်းထားတာရှိလို့..ဖုန်းဆက်တာ..မကိုင်ဘူး.. ကွန်ဒိုကို သွားကြည့်တော့လည်းမတွေ့ဘူး..''

မချစ်ရဲရင်အသည်းထားခဲ့ (Complete) Where stories live. Discover now