အခန်း2

20.4K 701 4
                                    

[Unicode]
(ပထမဆုံး အားလုံးကိုအနူးအညွတ်တောင်းပန်ပါတယ်နော် အပိုင်း1ကနောက်အပိုင်းပါ နောက်အပိုင်းဖတ်ပြီးမှဒီအပိုင်းကိုဖတ်ပါလို့
Unicodeထည့်ပေးရင်း စာသားတွေပြောင်းသွားလို့ပါ အားလုံးကိုတောင်းပန်ပါတယ်နော်)

[Zawgyi]

''အေ့ သားရီး မင်းတို့ကောင်းကောင်းပြန်ကြ ''။သခင် လိုက်ပို့သောကောင်းမြတ်ကားပေါ်မှယိုင်တိုင်တိုင်ဆင်းရင်းပြောလိုက်သေးသည်။အသွားတုန်းကတော့ဆိုင်ကယ်နဲ့။သူငယ်ချင်းတွေသောက်ရင်းစားရင်းများသွားကာအပြန်ကျတော့လမ်းတောင်ဖြောင့်အောင်မလျှောက်နိုင်တော့။
''အို ကေ တယ် သားရီး ငါတို့ဒါရိုင်ဘာပါတယ် မင်းသာအပေါ်ကောင်းကောင်းတက် ''။အားလေးလျှာလေးတွေနဲ့အဆင်ပြေတယ်ပြောပြီးကားမောင်းထွက်သွားကြသည်။သခင် ခြံတံခါးရှေ့ရပ်ရင်းလက်ကနာရီကိုကြည့်လိုက်သည်။12ခွဲရှိနေပြီ။တော်ပါသေး ဒီအချိန်ဆိုမာမီတို့အိပ်နေပြီ။သူလည်းအိပ်ချင်နေပြီ။မနက်မှနားငြီးအောင်အဆူခံတော့မည်။
''တောင်းပန်ပါတယ် အကိုလေး ကျွန်တော်အိပ်ငိုက်သွားလို့ အကိုလေးပြန်လာမှန်းမသိလိုက်ဘူး ''
''ရှူး တိုးတိုး မာမီတို့နိုးသွားလိမ့်မယ် ''
''ဟုတ် ဟုတ်ကဲ့အကိုလေး ''။သခင်ကအိမ်ထဲကိုသိုင်းကွက်နင်းဝင်လာသည်။
''အကိုလေး ကျွန်တော် ကူတွဲပေးရမလား ''
''ရတယ် ရတယ် မလိုဘူး ''။သခင်ရတယ်ပြောပေမဲ့ခြေတစ်လှမ်းလှမ်းတိုင်းလဲကျမလိုဖြစ်သောကြောင့်မောင်ဌေးတို့အလိုက်တသိကူတွဲပေးရသည်။
''အာ ရပြီ ကျေးဇူးပဲ ကိုဌေး ''။သခင်ကပြောပြီးလှေကားလက်ရန်းတန်းကိုချစ်သူလေးသဖွယ်ပွေ့ဖက်မှီရင်းအပေါ်တက်သွားသည်။မောင်ဌေးခင်မျာသူ့အကိုလေးဘယ်အချိန်များပြုတ်ကျလာမလဲလို့ရင်တထိတ်ထိတ်စောင့်ကြည့်နေရသည်။အပေါ်ထပ်ရောက်သွားမှစိတ်အေးကာသက်ပျင်းချနိုင်သည်။သခင့်အခန်းနှင့်အခန်းပိုတစ်ခန်းကကပ်လျက်မို့သခင်မူးနေကာသူ့အခန်းဘာညာမသိတော့ပဲတွေ့တဲ့အခန်းတံခါးဖွင့်ဝင်သွားသည်။ငယ်လေးကတံခါးကိုလော့မချထားသည်မို့သခင်အလွယ်တကူဝင်လာနိုင်ခြင်း။
''ကျွတ်စ် ပူအိုက်နေတာပဲ ''။အခန်းထဲမှာအဲကွန်းဖွင့်မထားသည်မို့အတန်ပူအိုက်နေကာသခင်ဝတ်ထားတဲ့ဂျာကင်ကိုချွတ်ကာလွှင့်ပစ်သည်။အောက်ကတီရှပ်ကိုလည်းဆွဲချွတ်လွှင့်သည်။ခါးပတ်ဖြုတ်ကာဘောင်းဘီရှည်ချွတ်ဖို့လုပ်ပေမဲ့ခါးပတ်မဖြုတ်နိုင်သောကြောင့်ဒီအတိုင်းဘိုင်းခနဲအိပ်ရာပေါ်လှဲချသည်။ငယ်လေးကတော့ညဦးပိုင်းကအားရအောင်ငို၍ခုမှဘေးစွန်းလေးမှလုံးတုံးတုံးလေးနှစ်ခြိုက်စွာအိပ်ပျော်နေသည်။ဘေးမှာ သခင် ဘိုင်းခနဲလာလှဲချသည်ကိုတောင်မသိ။သခင်ကအမူးလွန်ကငယ်လေးကိုအမြင်။ရာသီဥတုကအေးလိုက်ပူလိုက်မို့ညဦးပိုင်းကပူအိုက်နေပေမဲ့မိုးလင်းခါနီးအေးလာသည်။အပေါ်ပိုင်းဗလာဖြစ်နေသောသခင်ကချမ်းလာသည်မို့ဘေးပတ်လည်မှာလက်တစ်ဖက်နဲ့စောင်လိုက်ရှာသည်။မတွေ့။စောင်ကသခင့်ကိုယ်အောက်ရောက်နေသည်။ထိုစဉ်ညအိပ်ဘောင်းဘီတိုလေးနဲ့လက်တိုလေးဝတ်ထားသောငယ်လေးကချမ်းလာသည်မို့အနွေးဓာတ်ရှိရာသခင့်ရင်ခွင်နားရောက်လာသည်။သခင်ကည်း နွေးနွေးအိအိအရာလေးကိုသိမ်းကျူံးပွေ့ဖက်ရင်းရင်ခွင်ထဲဆွဲသွင်းသည်။အနွေးဓာတ်ကြောင့်နှစ်ယောက်စလုံးနှစ်ခြိုက်စွာပြန်လည်အိပ်ပျော်သွားသည်။
......။
မနက်ခြောက်နာရီထိုးတာနဲ့ငယ်လေးကျင့်သားတကျနိုးလာသည်။မျက်လုံးရှေ့တည့်တည့်မှာမြင်လိုက်ရသောရင်အုံကျယ်ကြီးကြောင့်အိပ်ချင်မူးတူးငယ်လေးမျက်လုံးလေးတွေပြူးကျယ်လာသည်။ဟင် ဘာ ဘာကြီးလဲ။ငယ်လေးတစ်ကိုယ်လုံးထိုအင်္ကျီမပါဗလာကျင်းနေသောရင်ခွင်ကြီးထဲရောက်နေတာလှုပ်လို့တောင်မရ။ငယ်လေး အလန့်တကြားအပေါ်ကိုမော့ကြည့်မိလိုက်တော့ချောမောလွန်းသောမျက်နှာကြောင့်မျက်လုံးလေးတွေဝိုင်းသွားသည်။ဖြူနုချောမွေ့နေသောမျက်နှာကဘာအစက်အပြောက်မှမရှိ။ခပ်ပွပွဆံပင်တို့ကနဖူးပေါ်ဝဲကျနေသည်။ထူထူထဲထဲမျက်ခုံးအစုံတို့ကမည်းနက်နေသည်။မပွမယောင်းနှာတံချွန်ချွန်။ပိရိသေသပ်နေသောနှုတ်ခမ်းအစုံတို့ကသွေးရောင်လွှမ်းနေသည်။ငယ်လေးအတန်ကြာငေးမောကြည့်နေပြီးမှသတိဝင်ကာအသာရုန်းသည်။အိပ်ပျော်နေသောသူနိုးသွားမှာစိုးလို့အရမ်းကြီးလည်းမရုန်းရဲ။ထိုစဉ်...
''ငယ်လေးရေ နိုးနေပြီလား မားဝင်ခဲ့မယ်နော် ''။ငယ်လေးနဲ့အတူရှော့ပင်းထွက်ရမည်ဟုမာမီကအမိန့်ချလာသောကြောင့်ယွန်းတို့မနိုးစဖူးစောစောစီးစီးနိုးနေသည်။အသာဟထားသောတံခါးကြောင့် ယွန်း ငယ်လေးနိုးနေပြီထင်ကာအခန်းထဲဝင်လာသည်။ခုတင်ပေါ်တွင်ပူးကပ်နေသောခန္ဓာကိုနှစ်ခုကိုယ် ယွန်း ရုတ်တရက်မြင်လိုက်လျှင်.....
''အားးး ''။အူတွေယားလာကာယွန်းတို့အကျယ်ကြီးထအော်သည်။ယွန်းအော်သံကြောင့်ငယ်လေးပင်လန့်သွားရသည်။အော်သံကျယ်ကြီးကြောင့် သခင် လူးလွန့်နိုးလာရသည်။ရင်ခွင်ထဲကနွေးအိအိအရာလေးကြောင့်သခင့်ငုံ့ကြည့်မိသည်။မျက်လုံးဝိုင်းဝိုင်းလေးတွေသူ့ကိုမော့ကြည့်နေတာနဲ့ဆုံသည်။မျက်တောင်ရှည်စင်းစင်းလေးတွေ၊ပါးဖောင်းဖောင်းလေးနှစ်ဖက်ကဖွေးဥကြည်လင်နေကာယှက်ဖြာနေသောသွေးကြောမျှင်လေးတွေကိုမြင်နေရသည်။နှာခေါင်းလုံးလုံးလေး၊နီရဲအိထွေးနေသောနှုတ်ခမ်းလေးတွေကသခင်အပေါ်စီးကမြင်နေရသည်။နေအုံး ဒါ ကောင်မလေးလား ။
''လွှတ်အုံးလေ ''။အသံကြားကာမှသခင်သတိဝင်ကာပွေ့ဖက်ထားသောလက်တွေကိုဖယ်လိုက်သည်။ထိုအခါမှနှစ်ယောက်စလုံးအိပ်ယာပေါ်မှလူးလဲထထိုင်ကြသည်။ယွန်းကတော့အင်္ကျီဗလာဖြစ်နေတဲ့သခင်ရယ်ပေါင်တံဖွေးဖွေးလေးတွေပေါ်ကာသခင့်ရင်ခွင်ထဲစုန်းစုန်းမြုပ်နေတဲ့ငယ်လေးကိုကြည့်ကာအတွေးတွေမှောင်မိုက်ကုန်ရင်းနှာခေါင်းသွေးတွေလျှံကျလာရသည်။တံခါးဝနားမှပြုံးပြုံးကြီးနဲ့နှာခေါင်းသွေးတွေစီးကျနေသောယွန်းကိုမြင်လျှင်ငယ်လေးလန့်သွားကာ....
''ဟင် သွေး သွေးတွေ ''
''ရ ရတယ် ငယ်လေး မားဘာမှမဖြစ်ဘူး ''။ငယ်လေးရဲ့အထိတ်တလန့်ပုံလေးမြင်ကာမှယွန်းနှာခေါင်းသွေးတွေသုတ်လိုက်ကာလက်ကာပြသည်။သခင်ကတော့သူ့ညီမကဖူဂျီမအကြီးစား၊အမှောင်သခင်မကြီးဆိုတာကိုသိသောကြောင့် ဘာမှထူးဆန်းမနေ။ယောကျာ်းလေးနှစ်ယောက်ပူးကပ်နေတာကိုမြင်ရင်နှာခေါင်းသွေးလျှံတတ်သောညီမတော်အကြောင်းနောကြေနေသည်။
''မိယွန်း သူက ဘယ်သူလဲ ''။အိပ်ယာပေါ်မှပုံ့ပုံ့လေးထိုင်နေသောကောင်လေးကိုကြည့်ရင်းမေးလိုက်တော့....
''ကိုကြီးကလည်း ကိုကြီးနဲ့အတူတူတစ်ညတာတောင် အတူတူဖြတ်သန်းပြီးပြီပဲ ဒါတောင်ဘယ်သူမှန်းမသိဘူးလား ''။ယွန်းကပြုံးပြုံးစိစိကြီးပြန်ပြောသည်။
''မိယွန်း နင်မိန်းကလေးနော် စကားကိုဆင်ခြင်ပြော ငါညကမူးပြီး အခန်းမှားဝင်လာတာ သူကဒီကိုဘယ်လိုရောက်နေတာလဲ ''
''ကျွန်တော်ကဖေကြီးဦးထင်ကျော်သားပါ ''။စကားသံဝဲဝဲလေးကချိုချိုသာသာထွက်ပေါ်လာသည်။သခင် မျက်လုံးဝိုင်းဝိုင်းလေးတွေနဲ့ထပ်ခါအကြည့်ဆုံသွားပြန်သည်။မျက်ဝန်းကြည်တောက်တောက်လေးတွေ။နှာခေါင်းလေးထက်ကမှည့်သေးသေးလေး။အိပ်ရာထကစကပိုကရိုပုံစံလေးကဆွဲဆောင်မှုရှိနေသည်။သခင့်ရဲ့အကြည့်စူးတွေကြောင့်ငယ်လေးနားဖျားလေးတွေရဲကာမျက်လွှာလေးချသွားမှသခင် သတိဝင်လာကာမျက်နှာလွှဲသည်။
''ငယ်လေး ဒီနေ့ မားနဲ့အတူရှော့ပင်းထွက်မယ်နော် ငယ်လေးကိုမားအပြတ်ရွှိုင်းပေးမယ်  ကိုကြီး လိုက်ပို့ ''။ယွန်းကငယ်လေးကိုပြောနေရာမှသခင့်ဘက်လှည့်ပြောသည်။
''ဝှါးးငါအိပ်ရေးမဝသေးဘူး ''။သခင်ကခုတင်ပေါ်မှထလာကာပျင်းကြောဆန့်သမ်းဝေပြီးညကသူချွတ်ထားခဲ့သောအဝတ်အစားတွေကိုကျော်ခွကာအခန်းထဲကထွက်သည်။
''ကိုကြီး!!မလိုက်လို့မရဘူးနော် မာမီအမိန့် ''။ယွန်းအသံစူးစူးကအခန်းအပြင်ဘက်လိုက်ပါသွားသည်။
''shit!!''။သခင် ထိုးကိုက်နေသောခေါင်းကြောင့်နားထင်နှစ်ဖက်ကိုအသာဖိနှိပ်ရင်းခပ်တိုးတိုးဆဲလိုက်မိသည်။
''ကိုကြီးနော် ကိုယ့်ညီမကိုဆဲစရာလား ''။ယွန်းအသံကထွက်ပေါ်လာပြန်သည်။သခင် ပါးစပ်ပိတ်သွားရသည်။သူ့ညီမတော်ကြောင့်အီးတောင်ကောင်းကောင်းမပေါက်ရဲ။

Love is youWo Geschichten leben. Entdecke jetzt