အခန်း29

4.1K 356 16
                                    

[Zawgyi]
မနက်တစ်နာရီဝန်းကျင်။လင်းထိန်နေသောဓာတ်မီးအရောင်ကတဲကုပ်လေးနားဖြန့်ကျလာသည်။

''ဘဘ ဒီတဲထဲအကိုလေးတို့ရောက်နေလားမသိဘူး ''

ဖိုးထူးကပြောရင်းရှေ့ကနေဓာတ်မီးကြီးကိုင်ကာ တဲလေးနားလှစ်ခနဲပြေးသွားလေသည်။ပြန်လာနိုး ပြန်လာနိုးစောင့်နေပေမဲ့ ပေါ်မလာကြသောနှစ်ယောက်ကြောင့် တစ်မိသားစုလုံးစိုးရိမ်ကာအိပ်မပျော်နိုင်ကြ။။
မြင်းစီးသွားကြသည်ဆိုပေမဲ့ မြင်းကပြန်ရောက်လာကာ သခင်တို့ကပေါ်မလာကြပေ။

ညဆယ်နာရီလောက်အထိအိမ်ကစောင့်နေပေမယ့် ပြန်မလာကြသောကြောင့် အပန်းဖြေမြင်းစီးထွက်တတ်ကြသည့်နေရာပေါင်းစုံ လူစုခွဲကာညတွင်းချင်းလိုက်ရှာရသည်။ဦးထင်ကျော်၊မြင်းထိန်း ဦးထော် ၊ဖိုးထူး ၊ရွာထဲကအကူလိုက်ရှာပေးသည့် လူငယ်သုံးယောက် စုစုပေါင်းလူခြောက်ယောက်။ဖိုးထူး တဲလှေကားထစ်နိမ့်နိမ့်လေးမှာတွေ့လိုက်ရသည်ဖိနပ်နှစ်ရံကြောင့်ဝမ်းသားအားရဖြစ်သွားရင်းဦးထင်ကျော်တို့ကိုအော်ခေါ်သည်။

''ဘဘ ဒီမှာတွေ့ပြီဗျို့ ဖိနပ် ဖိနပ် ''

ဖိုးထူးဝမ်းသာအားရအော်ပြောရင်း တဲထဲဝင်လာကာဓာတ်မီးရောင်ဖြင့်တဲထဲဟိုထိုးဒီထိုးကြည့်သည်။ပထမဆုံးတွေ့လိုက်ရတာကာ ကုတ်ခြစ်ရာတစ်ချို့ရှိနေသော ကျောပြင်ကျယ်ကြီးတစ်ခု။ပူးကပ်လိမ်ယှက်နေသော ဖြူဖွေးဖွေးခြေထောက်နှစ်စုံ။မသိရင် ညားခါးစလင်မယားနှစ်ယောက်ချစ်ကြည်နူးတစ်တစ်တူးပြီးအိပ်ပျော်နေကြသည့်အတိုင်း။လူပျိုဖြန်းလေး ဖိုးထူး မျက်လုံးကြီးပြူးလျက် မတ်မတ်ကြီးဖြစ်သွားသည်။နေပါအုံး ဒါဆရာလေးနှင့်အစ်ကိုလေးလား။
ဓာတ်မီးရောင်ကြောင့် အိပ်ပျော်နေသည့် သခင် မျက်ခုံးရှုံ့သွားရင်းနိုးလာသည်။တစ်ညလုံး အအေးဒဏ်ခံခဲ့ရသည့်မို့လူကနုံးချိကာဖျားချင်နေပြီ။ရင်ခွင်ထဲကကောင်လေးကဂျာကင်ရှည်ကြီးဝတ်ထားရင်း သူ့ရင်ခွင်ထဲအတင်းတိုးကပ်ကာ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေသည်။

''ဆ ဆရာလေး ''

''သားငယ်.... ''

ဦးထင်ကျော်တို့ပါတဲလေးထဲဝင်လာကာ လင်းထိန်နေသည့်မီးရောင်တွေကြောင့် တဲထဲရှိမြင်ကွင်းကို ရှင်းရှင်းလင်းလင်းမြင်ရစေသည်။အကုန်လုံးမျက်လုံးတွေပြူးကုန်သည်။

Love is youDonde viven las historias. Descúbrelo ahora