အခန်း 45

2.7K 259 7
                                    

[Zawgyi]
အိပ်ခန်းထဲထိ သခင်ပြေးလိုက်လာတော့ အိပ်ရာထက်တစ်ဖက်လှည့်ကာ တစ်စောင်းလေးလှဲနေသောကောင်လေးက ငိုနေဟန် ပခုံးလေးတွေတုန်ခါနေသည်။

''ကလေးလေး ကိုကိုတောင်းပန်ပါတယ်ကွာ နောက်ထပ် ကိုကိုဘယ်တော့မှအဲလိုမပြောတော့ဘူးနော် လိမ်မာပါတယ် ကလေးလေးက မငိုတော့နဲ့ နော် ကြည့်ပါအုံး ကိုကိုဘက်လှည့်ကြည့်အုံး ''

ခေါင်းအထိလွှမ်းခြုံထားသောစောင်ကို ဆွဲဖယ်ရင်း ပခုံးတစ်ခြမ်းလေးကိုဆွဲလှည့်လိုက်တော့ မျက်ရည်တွေစိုလူးနေသော ငိုမဲ့မဲ့မျက်နှာလေးကပေါ်လာသည်။

''ဟင့်! ကျနော် အိပ်တော့မလို့ ''

ငိုရှိုက်ရင်းဗလုံးဗထွေးလေးပြောလာသည်။သခင်က ကြမ်းပြင်ပေါ်ခြေချထားကာ မွေ့ယာစွန်းတွင်ထိုင်နေရင်း....

''အိပ်မှာဆို မငိုရတော့ဘူးလေကွာ ကလေးလေး ကိုကို့ကိုစိတ်ဆိုးနေတာလား အဲဒါဆို ကိုကို့ကိုရိုက်နော် နောက်ထပ်မငိုတော့နဲ့...နော် ကလေးလေး ''

ငယ်လေးပါးဖောင်းဖောင်းလေးထက်ကမျက်ရည်စလေးတွေကိုဖယ်သုတ်ပေးကာ ဆိုသည်။

''ကိုကို့ကိုစိတ်မဆိုးဘူး ''

ငိုလွန်းလို့နှာခေါင်းထိပ်လေးတွေနီရဲနေသောငယ်လေးက သူ့လက်လေးနဲ့သူမျက်ရည်တွေကိုဖိပွတ်သုတ်ပစ်ရင်းရှိုက်သံလေးမပျက် သခင့်ကိုစိတ်မဆိုးကြောင်းပြောလာသေးသည်။ပြီးနောက် မျက်ရည်တွေကပွတ်သုတ်မနိုင်အောင် ပါးပြင်လေးပေါ်ကျဆင်းလာပြန်သည်။သခင် ပါးဖောင်းဖောင်းလေးထက်က မျက်ရည်တွေကိုပြန်သုတ်ပေးကာ...

''ကိုကို့ကို စိတ်မဆိုးဘူးဆိုရင်မငိုရဘူးလေကလေးလေးရဲ့ မျက်ရည်တွေထပ်မကျတော့နဲ့ ''

''အင့်!သူ့ဘာသူကျနေတာကို ကျနော်လည်းမကျခိုင်းပဲနဲ့ ''

ငိုရှိုက်လျက်ပြောလာသောစကားကြောင့် သခင်ရယ်လိုက်မိကာ ပက်လက်လေးဖြစ်နေသောငယ်လေးအပေါ်မှနေရာယူလိုက်ရင်းမျက်နှာနှစ်ခုထိစပ်တော့မတတ်ငုံ့မိုးကိုင်းလာကာ...

''ဟုတ်သားပဲ ကလေးလေးလည်းမကျခိုင်းပဲနဲ့ဒီမျက်ရည်တွေက သူ့ဘာသာသူကျနေတာ ဒီမျက်ရည်တွေ တော်တော်ဆိုးတာပဲကွာ ကိုကိုအပြစ်ပေးလိုက်မယ်နော် မွ မွ ''

Love is youKde žijí příběhy. Začni objevovat