အခန်း 49

2.5K 139 3
                                    

[Zawgyi]
''ကလေးလေး ဘယ်သူတွေလိုက်မှာလဲ ကိုကို့ကိုနာမည်တွေအကုန်ရွတ်ပြ ''

သခင့် စကားကြောင့်သခင့်ပခုံးပေါ်မေးလေးတင်ရင်းဇိမ်ခံနေသောငယ်လေး မျက်လုံးလေးပြူးသွားရသည်။ကိုကိုက ဘာလို့နာမည်တွေပါမေးနေရတာလဲ။ကိုရှင်း လိုက်မှာသိနေတာများလား။မဟုတ်ဘူး ငယ်လေး၊ကိုကိုကမသိပါဘူး။ငယ်လေး ကိုယ့်ဘာသာပြန်အားပေးကာသခင့်မျက်နှာကိုကြည့်လာရင်း...

''ဟို..အထွန်းရယ် ကျနော်ရယ် မားယွန်းနှင့်မားယွန်းသူငယ်ချင်းတွေရယ် အားလုံးခြောက်...ခြောက်ယောက်ပါကိုကို ''

တကယ်ပဲ တစ်ခါလေးညာပြောမိလိုက်တာနဲ့နောက်ထပ်ညာပြောစရာတွေပေါ်လာတော့သည်။

သခင် ငယ်လေး ကမ်းခြေလိုက်သွားမည်ဆိုကတည်းက မိယွန်းကိုဘယ်သူတွေလိုက်မှာလည်း၊ဘယ်နှစ်ရက်ကြာမှာလည်းစသည်ဖြင့်အကြောင်းစုံမေးပြီးသားဖြစ်နေသည်။ယွန်းက အစ်ကိုဖြစ်သူအကြောင်းသိစွာ လိုက်ပါမည့်သူမသူငယ်ချင်းတွေက ဖူဂျီမတွေဖြစ်ကြောင်း၊သုံးရက်သာကြာမည်ဖြစ်ကြောင်းပြန်ဖြေကြားသည်။ထို့ကြောင့်သခင် ငယ်လေးကိုလိုက်ပါခွင့်ပြုခြင်းဖြစ်သည်။သူကိုယ်တိုင် လိုက်သွားချင်ပါသော်လည်းကုမ္ပဏီကပစ်ထားခဲ့လို့မရ။သခင်ကစိတ်လျှော့လိုက်ပုံဖြင့်သက်ပျင်းချကာ...

''ဟုတ်ပါပြီ  ဟိုရောက်ရင်ကိုကို့ကိုလွမ်းနေနော် ''

''ဟုတ် ''

ငယ်လေးခေါင်းလေးငြိမ့်ကာ သခင့်ပခုံးပေါ်မေးလေးတင်လာပြန်သည်။

''ကလေးလေး ကိုယ်တို့သုံးရက်ကြီးတောင်ခွဲရမှာဆိုတော့ ကိုကို့ကိုအလွမ်းဖြေဆေးလေးမပေးခဲ့ချင်ဘူးလားဟင် ''

သခင်က ငယ်လေးနားသယ်စပ်လေးတွေကိုဖွဖွနမ်းရင်းတိုးတိုးရှရှဆိုသည်။ကြီးမားသောလက်ဖဝါးနှစ်ဖက်ကလည်း ငယ်လးတင်လုံးလုံးလေးပေါ်ရောက်ကာ ဖွဖွဆုပ်နယ်လာပေသည်။

''ကိုကိုကလည်း.. ''

သခင့်လက်သရမ်းမှုကြောင့် ငယ်လေးရှက်သွေးဖျာကာ ငြင်းပယ်သံတိုးတိုးလေးထွက်လာသည်။

''ကလေးလေး..ကိုယ့်ကိုခွင့်ပြုပေးကွာနော် ''

သခင်ကငယ်လေး လည်တိုင်လေးတစ်လျှောက်ပွတ်တိုက်နမ်းရှိုက်နေရင်း တိုးတိုးရှရှဆိုလာသည်။သန်မာနွေးထွေးသည့် လက်တွေကြောင့်ငယ်လေး ရင်မောနေရကာ ဘာမှပြန်မပြောဆိုနိုင်။အသက်ရှုသံလေးတွေပြင်းထန်ကာ သခင့်လည်တိုင်ကိုတင်းတင်းကြပ်ကြပ်ပြန်လည်ပွေ့ဖက်လာသည်။ငယ်လေးတုံ့ပြန်မှုလေးကြောင့် သခင်ပိုစိတ်ကြွကာ ငယ်လေးမျက်နှာလေးကိုအမြန်ဆွဲယူရင်း ပြင်းပြင်းရှရှအနမ်းတွေကိုစတင်တော့သည်။သခင် ငယ်လေးနှုတ်ခမ်းလွှာရဲရဲလေးတွေအပေါ်တစ်လှည့်အောက်တစ်လှည့်ကျွမ်းကျင်စွာစုပ်ယူသည်။ပြီးနောက်သခင့်လျှာဖျားကငယ်လေးပါးစပ်ထဲထိတိုးဝင်လာကာ ငယ်လေးလျှာဖျားရဲရဲလေးကိုရစ်ပတ်စုပ်ယူသည်။ပြင်းပြင်းရှရှနမ်းနေရင်းမှ သခင်ကရပ်တန့်လိုက်ကာ ငယ်လေးတီရှပ်ပွလေးကိုအမြန်ဆွဲချွတ်သည်။

Has llegado al final de las partes publicadas.

⏰ Última actualización: Jun 09, 2021 ⏰

¡Añade esta historia a tu biblioteca para recibir notificaciones sobre nuevas partes!

Love is youDonde viven las historias. Descúbrelo ahora