အခန်း 40

3.6K 308 13
                                    

[Zawgyi]
ညနက်သည်အထိ ဟိုကောင်လေးနဲ့ဂိမ်းကစားခဲ့သည်မို့ ခွန်း ဘေးမှာcrushကြီးရှိနေရက်တောင် မထိန်းနိုင်ဘဲ တဝှါးဝှါးသမ်းနေရသည်။မျက်ခွံတွေကလေးလံကာ မှိတ်ကျချင်နေပြီ။ဘေးနားက ကွန်ပျူတာခလုတ်တွေပေါ်လက်တွေပြေးလွှားနေရင်းအလုပ်အကြောင်းရှင်းပြနေသည့် သူသဘောကျလွန်းရပါသော သြရှရှအသံကိုမကြားတစ်ချက် ကြားတစ်ချက်။
ခွန်း ခေါင်းလေး ငိုက်စိုက် ငိုက်စိုက်နဲ့အိပ်ငိုက်စပြုနေပြီ။

သခင်ကနောက်ကနေစားပွဲပေါ်လက်ထောက်လိုက်သည်မို့ ခွန်း တစ်ကိုယ်လုံးသခင့်ရင်ခွင်ထဲရောက်သွားသလိုဖြစ်သွားရသည်။သခင့်အာရုံတွေက ကွန်ပျူတာပေါ်ရှိအလုပ်နဲ့ပတ်သတ်သောမူကြမ်းပုံတွေမှာဖြစ်ပေမဲ့ ခွန်းကတော့နီးကပ်လွန်းသောအနေအထားကြောင့် ရင်တွေအကြမ်းပတမ်းခုန်နေကာ ဘာပုံမှမမြင်။သခင့်လက်တစ်ဖက်ကစားပွဲပေါ်ထောက်ထားရင်း တစ်ဖက်ကကွန်ပျူတာခလုတ်တွေကိုနှိပ်နေကာ ပုံတစ်ပုံရောက်တော့ရပ်တန့်လိုက်သည်။

''အင်း ဒီလိုပုံစံပဲ မင်းနားလည်လား ''

ရင်ခွင်ထဲက ခွန်းကိုငုံ့ကြည့်လိုက်ရင်းမေးသည်။ခွန်း သခင့်ကိုမော့ကြည့်လာပြီး မျက်လုံးဝိုင်းလေးနဲ့ခေါင်းငြိမ့်ပြသည်။မျက်လုံးချင်းဆုံသွားပြီး ရီဝေဝေသခင့်အကြည့်တွေကစိုရဲနေသော ခွန်း နှုတ်ခမ်းလေးထံကျရောက်လာသည်။သခင့် မျက်နှာကတဖြည်းဖြည်းငုံ့ကျလာလျှင် ခွန်းအလိုက်တသိမျက်လုံးလေးတွေမှိတ်ကျသွားကာ နှုတ်ခမ်းလုံးလုံးလေးစုချွန်လာပေသည်။shit!!တကယ်ကြီး သူနှင့်သခင်အတွဲတွေဖြစ်သွားပြီလား။

''ဟေ့....ခွန်း ''

မျက်လုံးလေး နှုတ်ခမ်းလေးစူလျက်သူ့နားတိုးကပ်လာသောကောင်လေးကြောင့် သခင် မျက်ခုံးအစုံကျူံ့ကာခပ်ကျယ်ကျယ်အော်လိုက်သည်။ထိုအခါမှ ခွန်းငုတ်တုတ်လေး အိမ်မက်မက်နေရာမှလန့်နိုးလာပေသည်။မျက်ခုံးကြီးကျူံ့လျက်သူ့ကိုကြည့်နေသော သခင့်ကိုမြင်မှခွန်း သတိဝင်လာကာ.....

''sorry sorryပါနော် အကို ကျနော်အိပ်ငိုက်သွားလို့ ''

ကမန်းကတန်းတောင်းပန်လိုက်ရင်း ခွန်း မျက်နှာလေးနီလာသည်။ငါနော်...crushကြီးရှေ့မှအိပ်ငိုက်ရသလားလို့။တံခွန်ဆစ်။ခွေးကောင်လေး အဲဒါမင်းကြောင့်။ခွန်းရဲ့မေတ္တာပို့သမှုကြောင့် စာသင်ခန်းထဲစာလိုက်မှတ်နေသည့် ဆစ် အကျယ်ကြီးနှာချေသွားရသည်။

Love is youDonde viven las historias. Descúbrelo ahora