အခန်း 48

2.8K 225 14
                                    

[Zawgyi]
''ငါ မိုက်လား ငယ်လေး ''

အထွန်းက နေကာမျက်မှန်ကြီးတပ် လည်ပင်းမှာပုဝါပတ်လျက် ငယ်လေးရှေ့ ခါးထောက်ကာ ဟိုလျှောက်ဒီလျှောက်ပြနေသည်။ငယ်လေးက စတော်ဘယ်ရီမစ်ရှိတ်ဘူးကြီး ပိုက်စုပ်သောက်နေကာအဆင်ပြေကြောင်း မိုက်ကြောင်း မျက်လုံးလေးပြူးခေါင်းငြိမ့်ပြသည်။ပါးစပ်ကတော့ သောက်မပျက်။လက်ထဲမှာလည်း ဟမ်ဘာဂါတွေပါဆယ်ဆွဲထားသေးသည်။အထွန်းကမကျေမနပ်ဖြစ်သွားရင်း...

''ငယ်လေး မင်း ပါးစပ်ကသေချာပြောလေကွာ  အဲဒီဘူးကိုခဏ ချထား ''

ပြောရင်းအထွန်းကရှိုးလျှောက်နေရာမှငယ်လေးနားရောက်လာကာ ငယ်လေးလက်ထဲကမစ်ရှိတ်ဘူးကိုဆွဲလုလိုက်ရင်းဘေးနားကခုံပေါ်ချထားလိုက်သည်။ငယ်လေးက မစ်ရှိတ်ဘူးလေးကို သံယောဇဉ်မပြတ်စွာ မျက်လုံးဝိုင်းလေးနဲ့လိုက်ကြည့်နေသေးသည်။

''ကဲ သေချာပြော ငါမိုက်လား ချောလား မင်းကြွေသွားပြီမဟုတ်လား ''

ငယ်လေးကခေါင်းလေးငြိမ့်ပြရင်း...

''မိုက်တယ် ချောတယ် ငါ..ငါတော့မကြွေဘူး ''

အထွန်းကိုမကြွေကြောင်း ငယ်လေးက အားနာစွာဖြင့်မလိမ်မညာအမှန်အတိုင်းဖြေလာသည်။အထွန်းကမျက်နှာလေး ရှုံ့မဲ့သွားရင်း...

''ငယ်လေး မင်း အဲလောက်ကြီးရိုးသားမနေနှင့်လေကွာ...ငါစိတ်ကျေနပ်အောင်နည်းနည်းပါးပါးတော့လိမ်ညာပြောမှပေါ့ ''

''အင်း...အင်းပါ ငါကြွေပါတယ် ''

ထိုအခါမှ အထွန်းလေးကျေနပ်သွားကာ...

''ဒီလိုမှပေါ့...ဒါဆို ငါဒါတွေယူလိုက်ပြီနော် မင်းလိုအလှလေးကတောင် ငါ့ကိုကြွေရင် ဆော်လေးတွေဆိုပြောစရာမလိုဘူး ...အစ်မ ကျနော်ဒါတွေအကုန်ယူမယ်နော် ''

အထွန်းကငယ်လေးကိုပြောနေရင်းမှ ကောင်တာထိုင်နေသော အရောင်းဝန်ထမ်းမမ တွေထံလှည့်သွားသည်။ဖြူဖြူချောချောကောင်လေးနှစ်ယောက်ကိုငမ်းနေကြသော ဝန်ထမ်းမမတွေလည်းထိုအခါမှပျာယာခတ်ကုန်ကာ.....

''ဟုတ်...ဟုတ်ပြီ မောင်လေး ..နောက်..နောက်ထပ်လိုချင်တာတွေကြည့်အုံးလေ ''

Love is youDonde viven las historias. Descúbrelo ahora