အခန်း 34

3.4K 347 17
                                    

[Zawgyi]
''ပထမဆုံး အားလုံးကိုကြေညာချင်တာက အခုချိန်ကစပြီးဒီကုမ္ပဏီရဲ့ ဥက္ကဌရာထူးကိုကျွန်တော့်သားက ဆက်လက်တာဝန်ထမ်းဆောင်ပါလိမ့်မယ် ''

   ဦးမင်းနောင်ကပြောပြီးမျက်မှန်ပင့်ပြင်ကာရှယ်ယာဝင်အားလုံးကို အကဲခတ်သလိုဝေ့ဝဲကြည့်လိုက်သည်။အားလုံးက သဘောတကျခေါင်းငြိမ့်နေကြကာ ကန့်ကွက်စကားမထွက်လာပေ။

    သူ့သားတော်မောင်က အပျော်အပါးခုံမင်သည်ကလွဲရင် ကျန်သည့်နေရာတော်တော်များများတွင်ချီးကျူးရလောက်အောင်တော်သည်။အလုပ်လုပ်ရာတွင် ဖြတ်ထိုးဉာဏ်ကောင်းသည်။တိကျပြတ်သားသည်။အလုပ်စဝင်ကာစမှာပင် project တစ်ခုတင်ပြနိုင်ကာ ထိုprojectမှ အမြတ်အစွန်းများစွာရရှိခဲ့ခြင်းကြောင့် ရှယ်ယာဝင်တွေသဘောကျသည်။အထင်ကြီးလေးစားကြသည်။
   သခင် သူ့ဒယ်ဒီနေရာလွှဲပေးမည်ကိုကြိုတင်သိထားသောလည်း ဒီလိုမပြောမဆိုပြောချလိုက်သဖြင့် ထိုင်ခုံမှာစိတ်မပါလက်မပါထိုင်နေရာမှ မတ်ခနဲပြင်ထိုင်လိုက်ရသည်။သူ့အပေါ်ကျရောက်နေသောအကြည့်တွေကြောင့်တစ်ချက်ပြုံးပြလိုက်ရင်း....

''အားလုံး ကျွန်တော့်ကိုယုံကြည်ပြီးစောင့်ကြည့်ပေးကြပါအုံးခင်ဗျာ''

ရည်ရည်မွန်မွန်ပြောလိုက်ပေသည်။

''ဟုတ်ပြီ အန်ကယ်တို့မင်း ဒီထက်မကအောင်မြင်အောင် လုပ်နိုင်မယ်လို့ယုံကြည်ပါတယ် ''

''ဟုတ်ကဲ့ ''

''ဥက္ကဋ္ဌကြီးတို့များ  အရမ်းကံကောင်းတာပဲရှင် ဒီလို ထက်မြက်ချောမောတဲ့ သားလေးကိုပိုင်ဆိုင်ထားရတာ တစ်နေ့လောက်အိမ်ကိုထမင်းစားဖိတ်အုံးမှထင်တယ် ''

စိန်တွေညွတ်နေအောင်ဝတ်ထားသောရှယ်ယာဝင်အန်တီ ကြီးက သခင့်ကိုသဘောတကျကြည့်ရင်း သမက်တော်ရန် စိတ်ကူးကာ လောကွတ်ချော်ပေသည်။

''ဟုတ်ကဲ့ တစ်နေ့နေ့ပေါ့ဗျာ ''

   ဦးမင်းနောင်ကအပြုံးလေးနဲ့ရည်ရည်မွန်မွန်တုံ့ပြန်သည်။ထိုစဉ် အစည်းအဝေးခန်းမတံခါးပွင့်လာကာ အတွင်းရေးမှူးမလေး ဝင်လာသည်။

''ဥက္ကဋ္ဌကြီး ဧည့်သည်ရာက်နေပါပြီရှင့် ''

''အော် ဟုတ်လား ရုံးခန်းထဲခဏစောင့်ခိုင်းလိုက်နော်  ကိုယ်တို့ခုချက်ချင်းလာမယ်လို့ပြောပေး ''

Love is youWhere stories live. Discover now