အခန်း 55 end

6.1K 256 20
                                    

[Zawgyi]
ကျယ်လောင်စွာအော်မြည်လာသည့်ဖုန်းသံကြောင့် မှောက်ယက်အိပ်ပျော်နေသည်သခင် မျက်ခုံးတွေကျူံ့ကာနိုးထလာရသည်။ခေါင်းကတဆစ်ဆစ်ထိုးကိုက်နေကာ မျက်လုံးတွေမဖွင့်ချင်သေး။သခင် အော်မြည်နေသည့်ဖုန်းကိုဘေးပတ်လည်မှာလက်ဖြင့်ဟိုစမ်းဒီစမ်းရှာသည်။မတွေ့သည်မို့ သခင်လေးလံနေသည့်မျက်လုံးတွေဖွင့်ကာ ထထိုင်လာသည်။

ဖုန်းက သခင့်ခြေရင်းမှာဖြစ်သည်။သခင် အိပ်ချင်မူးတူးဖြင့်ဖုန်းကိုယူလိုက်သည်။ဖုန်းစခရင်မှာမြင်လိုက်ရတဲ့ပုံကြောင့် သခင်လန့်သွားရသည်။ဘယ်သူကြီးလဲဟ။
သူ wallpaperတင်ထားတာက ငယ်လေးပုံလေ။ခုကဘယ်သူလဲ။ဖုန်းထဲကကောင်လေးက ကြောင်လေးတစ်ကောင်ကိုပွေ့ပိုက်ရင်း ပါးချိုင့်လေးတွေပေါ်အောင်အားပါးတရရယ်မောနေသည်။သခင် မြင်ဖူးသလိုလိုတော့ရှိသည်။နေအုံး..ခွန်း..ခွန်းမဟုတ်လား။အလုပ်သင်ကောင်လေး။

''ခင်ဗျား လျှောက်မကိုင်နဲ့ ''

ခပ်မာမာအသံထွက်ပေါ်လာသည်မို့ သခင်မော့ကြည့်လိုက်သည်။တဘက်တစ်ထည်သာကိုယ်မှာပတ်ထားသောအရပ်ရှည်ရှည်ကောင်လေးတစ်ယောက်။သခင့် လက်ထဲကဖုန်းကိုအမြန်လုယူသွားသည်။

''ဟေး..မင်းဘယ်သူလဲ..ဒီကိုဘယ်လိုရောက်နေတာလဲ ''

''ခင်ဗျားသိစရာမလိုဘူး...နိုးရင်ပြန်တော့ ''

စကားသံတွေကခပ်မာမာဖြစ်ကာ သခင့်ကိုမကျေမနပ်ဖြစ်နေသလိုလို။သခင် အခန်းထဲဝေ့ဝဲကြည့်မိလိုက်သည်။သူ တစ်နေရာရာရောက်နေတာဖြစ်မည်။မွေ့ယာကျယ်ကြီးပေါ်အိပ်ပျော်နေသော ကောင်လေးတစ်ယောက်ကိုတွေ့လိုက်ရသည်။စောင်တွေရစ်ပတ်ထွေးခြုံထားသည်မှာ မျက်နှာလေးပဲပေါ်သည်။သခင် မျက်ခုံးအစုံကျူံ့သွားသည်။သူ ဘယ်ရောက်နေတာလဲ။မူးရုးပြီး သူများအတွဲခန်းထဲမှားဝင်လာမိတာလား။

''ခင်ဗျား ဘယ်ကြည့်နေတာလဲ ''

''တဆိတ်လောက် ကိုယ်ဒီအခန်းထဲဘယ်လိုလုပ်ပြီးရောက်လာတာလဲ ''

ဆစ်ကဘာမှပြန်မဖြေဘဲ မွေ့ယာပေါ်အိပ်ပျော်နေဆဲဖြစ်သော ခွန်းကိုလှမ်းကြည့်သည်။ကိုခွန်း ကြောက်စရာကောင်းတဲ့အကြံနဲ့ဒီလူကိုဒီအခန်းထဲခေါ်လာတာသူမယုံနိုင်ဘူး။

Love is youDonde viven las historias. Descúbrelo ahora