အခန်း 37

2.9K 295 7
                                    

[Zawgyi]
''မိနှောင်း အဝတ်အစားတွေကိုအဲလို ထိုးမသိပ်ရဘူးလေ တွန့်ကြေကုန်မှာပေါ့ ''

သန္တာကမြင်ဖြစ်အောင်မြင်လာကာပြောရင်း နှောင်းလက်ထဲကအဝတ်အစားတွေကိုပြန်လုယူသည်။ခုတင်ပေါ်ပြန်တင်လိုက်ရင်း သူပါဝင်ထိုင်သည်။

''မမနွေး မလုပ်ပါနဲ့ နှောင်းပြန်လာရင် ခေါက်လိုက်မယ် ''

''နင် သနပ်ခါး လိမ်းမှာမလား လိမ်းသာလိမ်းစမ်းပါ ငါခေါက်လိုက်မယ် ဒါလေးခေါက်တာဘယ်လောက်ကြာတယ်မှတ်လို့ ''

သန္တာကပြောရင်းခေါက်နေသဖြင့် နှစ်ထည်သုံးထည်ခေါက်ပြီးနေပြီ။သန္တာကထမင်းဟင်းချက်ရမည်ကလွဲရင် အိမ်မှုကိစ္စတွေအကုန်နိုင်နင်းပါသည်။နောက်ထပ်တားပါက ရွှေစိတ်တော်ဆိုးတော့မည်ဆိုတာ သိသဖြင့် နှောင်း ခေါင်းကုပ်ကာဆက်မပြောရဲတော့ဘဲ မှန်တင်ခုံရှေ့ဝင်ထိုင်လိုက်ရသည်။

''ခစ်  ခစ် မိနှောင်း နင့်ဘရာsizeကသုံးဆယ့်နှစ် သေးသေးလေးဟယ် ''

နှောင်းအနက်ရောင်ဘရာလေးကိုဖြန့်ကြည့်ရင်း သန္တာကတစ်ခစ်ခစ်ရယ်ကာပြောသဖြင့် နှောင်း မျက်နှာနီလာရသည်။သူမက ရွာထဲကမိန်းကလေးတွေနှင့်ယှဉ်ရင် ခေါင်းတစ်လုံးအရပ်ပိုရှည်နေတတ်သည့်အပြင်ရှိသင့်ရှိထိုက်သည့်နေရာတွေကလည်း ပြားချပ်နေတတ်ကာယောကျာ်းလေးဆန်သည်။အခြားသူတွေနှင့်ယှဉ်ရင် သိပ်မသိသာဘူးလို့ထင်ပေမဲ့ ကိုယ်လုံးကိုယ်ပေါက်လှလွန်းသည့် မမနွေးနှင့်ယှဉ်လိုက်ရင်တော့ သူမကအဝေးပြေးလမ်းမကြီးလို။

''မမနွေး နှောင်း သနပ်ခါးလိမ်းလို့ပြီးပြီ သွားရအောင်လေ ''

နှောင်းက မှန်တင်ခုံမှာထိုင်နေရာမှထရပ်လိုက်ရင်း ပြောသဖြင့် သန္တာက မျက်ခုံးလေးပင့်ကြည့်လာသည်။ငါးမိနစ်ပင်မကြာသေး အလှပြင်လို့ပြီးသွားပြီပေါ့။သူမ အလှပြင်လျှင်တော့အနည်းဆုံးနာရီဝက် ၊တစ်နာရီကြာသည်။

''မိနှောင်း နင်ဒီလိုပုံစံကြီးနဲ့ဘုရားသွားမှာပေါ့ ကြည့်အုံးသနပ်ခါးလိမ်းထားတာကလည်း ပဲဟင်းအိုးထဲမျက်နှာနှစ်ထားသလိုပဲ သွား ..သွား မျက်နှာပြန်သွားသစ် ငါပြင်ပေးမယ် ''

Love is youDonde viven las historias. Descúbrelo ahora