[Zawgyi]
''ရှင်း မင်း နောက်ထပ်ငယ်လေးနဲ့မပတ်သက်ရင်ကောင်းမယ် ''
သခင်ကစိတ်လျော့ချထားရပုံဖြင့် စားပွဲပေါ်တင်ထားသောလက်နှစ်ဖက်ကိုပူးဆုပ်ကိုင်လိုက်ရင်းပြောသည်။တီရှပ်အနက်၊ဂျင်းနက်၊အပေါ်ထပ်ဝတ်ထားသောဂျာကင်ကလည်းအနက်ရောင်ပဲဖြစ်ကာ သခင့်တစ်ကိုယ်လုံးအနက်ရောင်လွှမ်းနေသည်။မေးကြောတွေ တင်းခနဲ တင်းခနဲဖြစ်သွားပုံက သခင့် စိတ်တွေထိန်းချူပ်ထားရဟန်။ရှင်းကလက်ပိုက်ထိုင်နေသည် ဖြစ်ကာသခင့်စကားကြောင့် ရှင်းသန့်ချောမောသောမျက်နှာကမှောင်မည်းလာသည်။
''သခင် မင်းအတွေးတွေအစွန်းရောက်နေပြီ ငါနဲ့ငယ်လေးကရိုးရိုးသားသားမိတ်ဆွေတွေပဲ လူတိုင်းကိုမင်းစိတ်နဲ့နှိုင်းပြီးပြဿနာရှာမနေနဲ့ ''
''အဟွန်း..ဒါဆို ဒီပုံတွေကဘာလဲ ''
သခင်ကဟွန်းခနဲလှောင်ရယ်ရင်း ရှေ့စားပွဲပေါ်ဖုန်းကိုပစ်ချသည်။ရယ်ပြောလိုက်ပေမဲ့ သခင့်မျက်နှာကကြောက်စရာကောင်းအောင် ပြန်တင်းမာသွားသည်။
''ဟေး ဟေး သားကြီး စိတ်လျှော့ အဲဒီကိစ္စငါသိတယ် ငါရှင်းပြမယ် ''
ကောင်းမြတ်ကစားပွဲပေါ်ဖုန်းကိုယူကာပုံတွေကိုကြည့်ရင်းကြားကဝင်ပြောလာသည်။သခင့်အကြည့်က ကောင်းမြတ်ထံရောက်လာသည်။မင်းမဆိုင်ရင် ဝင်မရှုပ်နဲ့ဆိုတဲ့သဘော။
''ငါနဲ့မဆိုင်ပေမဲ့ ငါ့ဘေဘီလေးနဲ့ဆိုင်တယ် ငါ့ဘေဘီလေးမွှေးခဲ့တဲ့မီး ငါ ရှင်းပြမယ်နော် သားကြီးငါ့စကားကိုခဏနားထောင်ပေး ''
ကောင်းမြတ်ကမျက်နှာငယ်လေးနဲ့ သခင့်ကိုတောင်းဆိုလာသည်။သူတို့သုံးယောက်ထဲမှာ သခင်ကလက်မြန်ခြေမြန်။ဒေါသထွက်နေပြီဆို ဘာညာမသိတော့ဘဲလက်အရင်ပါတတ်သည်။ရှင်းက မထုံတက်သေး။သူငယ်ချင်းတွေကြားမှာပွင့်ပွင့်လင်းလင်းမရှိတတ်။မကျေနပ်ရင် မြိုသိပ်ထားတတ်ကာ အခွင့်သာရင်ပြန်ဆော်တာမျိုး။ကောင်းမြတ်ကတော့ ဟီးဟီးဟားဟားနဲ့ဟိုလူ့လိုက်စ၊ဒီလူလိုက်စပေါတောတောနေတတ်ပေမဲ့ စိတ်သဘောထားလေးတော့ကောင်းသည်။ဟိုးအရင်ကတည်းက သခင်နှင့်ရှင်းကသိပ်အစေးမကပ်ကြပေမဲ့ ပေါင်းလို့သင်းလို့အဆင်ပြေခဲ့သေးသည်။အခု ငယ်လေးကြားထဲ ရောက်လာမှနှစ်ယောက်သား မျက်နှာချင်းတောင်ဆိုင်လို့မရ။ကြားထဲကဘော်ဒါချစ်ကြီး ကောင်းမြတ်ကမနေတတ်မထိုင်တတ်ဖြစ်ရခြင်း။
BINABASA MO ANG
Love is you
Romance[Zawgyi] အချောအလှလေးတွေသဘောကျသောplay boyကြီးမင်းသခင် ရိုးရိုးအေးအေးကြာပန်းဖြူလေးနွေဦးငယ် Both Zawgyi and Unicode #This story is my first own creation. Please read it and give me comments.This includes some mature contents such as violent words ,bed...