Unicode
နောင်တမှ...သည်🍒1🍒
လီနန်းတော်။
တာ့လီတိုင်းပြည်ကြီးကို မင်းမြတ်တစ်ပါး အုပ်ချုပ်နေချိန် ဖြစ်သည်။ ဘုရင်မင်းမြတ်တွင် တစ်ဦးတည်းသော သားတော်တစ်ပါးရှိကာ မကြာခင်မှာ နန်းဆက်ခံတော့မည့် အရွယ်ဖြစ်၏။ အမည်က လီရှောင်းဝူ။လီရှောင်းဝူသည် အသက်၁၂အရွယ်တွင် လေးအတက်ပညာကို အထူးတက်မြောက်ကျွမ်းကျင်ခဲ့ပြီး အသက်၁၈နှစ်တွင် ဓားတစ်လတ်ဖြင့် စစ်ပွဲတွင်အောင်နိုင်သူအဖြစ် ဟစ်ကြွေးနိုင်ပြီ ဖြစ်သည်။ ပျော်ပျော်နေတတ်တဲ့ လီရှောင်းဝူတွင် ပူဟွေ့ဟူသော ငယ်သူငယ်ချင်းတစ်ယောက် ရှိခဲ့သည်။
အမတ်ဟန်၏မွေးစားသား။ သူတို့နှစ်ယောက် အသက်၁၃နှစ်ခန့်တွင် ချစ်ကြိုးသွယ်ခဲ့ကြသော်လည်း ကံကြမ္မာက သူတို့အားခွဲခွာသွားစေခဲ့သည်။ ပူဟွေ့ကို သိုင်းဆရာကြီးတစ်ယောက်က ခေါ်သွားတာကြောင့် နှစ်တွေအကြာကြီး ပျောက်သွားခဲ့၏။
သူပြန်ပေါ်လာချိန်မှာတော့ အရာအားလုံးဟာ သူထင်ထားတာနဲ့ လုံးဝမဟုတ်တော့ပေ။ မိသားစုကို သတိရ၍ ပြန်လာခဲ့သည့်အခိုက် လီနန်းတော်တွင် စစ်ပွဲပြီးခါစ ကာလဖြစ်သည့်အလျောက် သစ္စာဖောက်ဖြစ်သော အမတ်ဟန်တို့မိသားစုတစ်စုလုံး ခေါင်းဖြတ်အသတ်ခံလိုက်ရလေပြီ။
ပူဟွေ့ခမျာ အတော်လေး နာကျင်သွားရသည်။ သို့သော်လည်း သူ့မှာအော်ဟစ်ငိုကြွေးခွင့်မရခဲ့။ လီရှောင်းဝူက သူ့အဖေသေဆုံးမှုနဲ့ ပတ်သက်ပြီး ဟန်မိသားစုကို အခဲမကြေဖြစ်နေရာ နှစ်များစွာပျောက်သွားပြီးမှ ပြန်ပေါ်လာတဲ့ ပူဟွေ့ကို အငြိုးအတေးများဖြင့် ဖမ်းချုပ်ထားခဲ့သည်။
'ကျွီး.....'
လီနန်းတော် အနောက်ဘက်ရှိ နန်းဆောင်တံခါးတစ်ချပ် ပွင့်လာသည်။ ရေဇလုံးကိုင်ထားသော အသက်ကြီးကြီး အမျိုးသမီးနဲ့ မိန်းမငယ်လေးတစ်ယောက် ဝင်လာကြ၏။
သူတို့က စားပွဲတွင် ဒဏ်ရာများဖြင့် အနေအထားမပျက် ထိုင်နေသူအား ဒူးညွတ်အရိုအသေပေးကြသည်။
YOU ARE READING
နောင်တမှ...သည်/ေနာင္တမွ...သည္(Complete )