Unicode
နောင်တမှ...သည်🍒9🍒Final
ပူဟွေ့သည် ချီထားသူလက်ထဲကနေ အမြန်ခုန်ဆင်းလိုက်ပြီး
"မင်းငါ့ကိုချီနေစရာမလိုဘူး...."
"ကောင်းပါပြီ..."တကယ်တော့ သူ့တို့နှစ်ယောက်လုံး ရေချိုးဆောင်ထဲ ရောက်နေပြီဖြစ်ကာ လီရှောင်းဝူက သူ့ဝတ်ရုံတွေကို ချွတ်ပြီးလို့ အောက်ခံဘောင်ဘီအရှည်တစ်ထည်သာ ကျန်တော့သည်။ ရေနွေးငွေ့တို့ကို အာရုံခံမိသော ပူဟွေ့သည် လီရှောင်းဝူ ရေချိုးတော့မယ်ဆိုတာ သိလိုက်ရင်ပဲ ထွက်ခွာရန် ပြင်လိုက်သည်။
လက်နှစ်ဖက်ကို ရှေ့သို့ဆန့်ကာ ဟိုစမ်းသည်စမ်းဖြင့် တစ်လှမ်းနှစ်လှမ်း သွားရင်ပဲ သူတစ်စုံတစ်ခုကို စမ်းသပ်မိသွားသည်။ လီရှောင်းဝူ၏ ရင်အုပ်ကြွတ်သားတွေ ။
"ဟင်...."
သူချက်ချင်း လက်ကိုပြန်ရုတ်သော်လည်း လီရှောင်းဝူက သူ့လက်တစ်ဖက်ကို ပြန်ဆွဲထားရင်း သူ့ရှေ့မှာပင် ဒူးထောက်လိုက်သည်။
"မင်း.... မင်းဘာလုပ်နေတာလဲ... "
ဘုရင်တစ်ပါးက အခြားသူရှေ့မှာ ဒူးထောက်တယ်ဆိုတာ လုံးဝ လုံးဝမပြုမူသင့်သော အရာတစ်ခုဆိုတာသိသော်လည်း ချစ်သူဆီကသာ ခွင့်လွှတ်မှုရမယ်ဆိုရင်။
"ငါ့ကိုခွင့်လွှတ်ပါ.... "
"မင်း.....မင်းဘာလို့ ဒူးထောက်နေတာလဲ.... ထ...."လီရှောင်းဝူကို ဆွဲထူပါသော်လည်း ထမလာလို့ သူပါထိုင်လိုက်ရတဲ့ အဖြစ် ဖြစ်သွားသည်။ မမြင်မစမ်း လီရှောင်းဝူပါးနှစ်ဖက်ကို ဆုပ်ကိုင်ရင်း ဖြည်းဖြည်းချင်း ဆိုလိုက်သည်။
"ရှောင်းဝူ....ငါ့နှလုံးသားက မင်းနဲ့ပတ်သက်ရင် နူးညံ့လွန်းတယ်....ငါမင်းကိုဒီလောက်ချစ်တာ ငါသေချာပေါက်မင်းကိုခွင့်လွှတ်ပေါ့...."
"တကယ်လား....ငါသာနောက်တစ်ခါ အခွင့်အရေးရမယ်ဆိုရင် ဒီကမ္ဘာမှာမင်းကိုအချစ်ဆုံးလူဖြစ်ချင်တယ်....""ကောင်းပြီ...."
"??""ငါမင်းကိုအခွင့်အရေးပေးမယ်....မင်းငါ့ကိုဘယ်လောက်ချစ်နိုင်မလဲဆိုတာ ငါပြန်စောင့်ကြည့်မယ်...."
YOU ARE READING
နောင်တမှ...သည်/ေနာင္တမွ...သည္(Complete )