Unicode
နောင်တမှ...သည်🍒2🍒
ပူဟွေ့ လေးလံသောခြေလှမ်းတို့ဖြင့် ဆက်လက်၍ လျှောက်လာခဲ့ရသည်။ ထိုစဥ် သူတို့ရဲ့မျက်နှာချင်းဆိုင်မှ အားချင်သည် ပျာယာပျာယာဖြင့် ပြေးချလာ၏။
"သခင်လေး..... ကျွန်မတို့ နန်းဆောင်ဟောင်းမှာ နေစရာမလိုတော့ဘူး..."
"ဘာဖြစ်လို့လဲ"အဒေါ်ချင်က မေးလိုက်သည်။
"ဟာ အမေမသိဘူးလား.... အရှင်က ပူသခင်လေးကို ကိုယ်လုပ်တော်ဟွေ့ အဖြစ် တင်မြှောက်လိုက်ပြီလေ...."
"ဟင်...."အဒေါ်ချင်သာမက ပူဟွေ့ကော အံ့သြသွားကြသည်။ လီရှောင်းဝူ နန်းတတ်တဲ့ နေ့မှာ မဂ်လာပွဲကောလုပ်ရင်း ကြင်ယာတော်နှစ်ပါးနှင့် ကိုယ်လုပ်တော်တစ်ယောက်ကိုပါ တင်မြှောက်လိုက်တာ ဖြစ်ပေသည်။ ပူဟွေ့ လှည့်၍ လီရှောင်းဝူဆီ ပြေးရန် ပြင်ပါသည်။
အဒေါ်ချင်တို့ သားအမိနှစ်ယောက်က သူ့ကိုဆွဲထားရပြန်၏။
"မဖြစ်ပါဘူး...သခင်လေး... ကျွန်မတို့ နန်းဆောင်အသစ်ကိုပဲ သွားရအောင်ပါ.... "
"ဟုတ်ပါတယ် သခင်လေး.... အရှင်က သခင်လေးကို ဂရုစိုက်သေးလို့ ကိုယ်လုပ်တော်မြှောက်လိုက်တာ ဖြစ်မယ်...."အားချင်က အားတက်စွာ ပြောတော့ ပူဟွေ့လည်း ပြုံးရွှင်လာသည်။ သူ့ကို ကိုယ်လုပ်တော်အဖြစ် တင်မြှောက်လိုက်တာက လီရှောင်းဝူ သူ့အပေါ် ခံစားချက် ရှိသေးတယ်လို့ ဆိုချင်တာလား။ တစ်နည်းပြောရရင် အောက်လက်ငယ်သားတွေ သူ့ကိုထိပါးမလာအောင် ကာကွယ်ပေးတာ ဖြစ်လိမ့်မည်။
လီရှောင်းဝူ စောစောက သူ့ကို ဂရုမစိုက်သလို နေတာက အခြားသူတွေရှိနေလို့လား။ သူက သစ္စာဖောက်မိသားစုကမို့ သူ့ကို ဂရုမစိုက်သလို ဟန်ဆောင်နေတာလား။
ပူဟွေ့တစ်ယောက် သူ့အတွေးနဲ့သူ ပျော်ရွှင်သွားပြန်သည်။ သူ့ကို တစ်နေရာကနေ လီရှောင်းဝူ လှမ်းကြည့်နေတာကိုတော့ သူမသိလိုက်ပါ။ လေပြေလေးနှင့် ယိမ်းနွဲ့ကခုန်နေတဲ့ ဆံနွယ်လေးတွေ၊ လီရှောင်းဝူ နှလုံးသားကို အဲ့ဒီဆံနွယ်လေးတွေကတောင် ရင်ခုန်နေစေတုန်း။
YOU ARE READING
နောင်တမှ...သည်/ေနာင္တမွ...သည္(Complete )