Unicode
နောင်တမှ...သည်🍒6🍒
ပူဟွေ့သည် သွေးများအဆက်မပြတ် အန်ထုတ်နေတာကြောင့် အားချင်လည်း ပျာယာခတ်သွားသည်။ မကြာခင်မှာပင် သမားတော်ရောက်လာပြီး သူတကယ်ပဲ အဆိပ်မိကြောင်း ကောက်ချက်ချလိုက်လေ၏။
သမားတော်က အပ်စိုက်ကုသပေးတဲ့ နောက်မှာတော့ ပူဟွေ့လည်း နည်းနည်းသက်သာသလို ခံစားလာရသည်။ ထိုအခိုက် မိဖုရားက ပျာပျာသလဲ ရောက်လာကာ
"ပူသခင်လေး..... ပူသခင်လေး.... ဘယ်လိုဖြစ်တာလဲ...."
"မိဖုရားကို လျှောက်တင်ပါတယ် ကိုယ်လုပ်တော်ဟွေ့က အဆိပ်မိကြောင်းပါ...""အဆိပ်.... ဘာအဆိပ်လဲ...."
သမားတော်က နှုတ်မဟရဲတော့တာကြောင့် ခေါင်းငုံ့လျက်၊ အားချင်သည်လည်း ခေါင်းမဖော်ဘဲ ကြိတ်၍ မာန်ခဲနေတော့သည်။ မိဖုရားသည် စားပွဲပေါ်က ဆေးရည်ပန်းကန်ကို ပြေးယူလိုက်ကာ
"ဒီကလား...."
"ဟုတ်ပါတယ်....""ဒါငါပေး တာလေ... ဘယ်လိုလုပ် အဆိပ်ပါရတာလဲ....သေချာစစ်ဆေးရမယ်... သမားတော်... ဘာအဆိပ်လဲ သေချာရှာပေးပါ"
"အမိန့်အတိုင်းပါ မိဖုရား..."သမားတော်သည် ဆေးရည်ပန်းကန်ကို ယူ၍ ပြန်ထွက်သွား၏။ မိဖုရားလည်း အိပ်နေသူနား ပြေးလာကာ တောင်းပန်စကား ဆိုလေသည်။
"တောင်းပန်ပါတယ်.... ကျွန်မအဆိပ်ခတ်တာ လုံးဝမဟုတ်ပါဘူး..."
{"ကျွန်တော် မိဖုရားကို ယုံပါတယ်"}
"သခင်လေး...."
{"ငါမိဖုရားကို ယုံတယ် အားချင်"}
သခင်လေးကိုယ်တိုင်က ယုံတယ်ပြောနေမှတော့ သူကဘာတတ်နိုင်မှာလဲ။ သူကတော့ ဘယ်သူ့ဘယ်သူကိုမှ မယုံချင်ဘူး။ ဒီကြားထဲ ကြင်ယာတော်နှစ်ယောက်က လာပြီး ပြဿနာ ရှာချင်ကြသေးတာ။
ဒီလိုအန္တရာယ်များတဲ့ နန်းတော်ထဲမှာ ဘယ်သူက ယုံရမှာလဲ။ ဘယ်သူက သခင်လေးဘက်မှာ နေပေးမှာလဲ။
မိဖုရားသည် လူတစ်ယောက်ကို ခေါ်လိုက်သည့်အခါ သိုင်းသမားတစ်ယောက်ဟန် လူတစ်ယောက်သည် အထဲသို့ဝင်လာပြီး ဓားရှည်တစ်ချောင်းကို ယဥ်ကျေစွာ ထုတ်ပေးသည်။
YOU ARE READING
နောင်တမှ...သည်/ေနာင္တမွ...သည္(Complete )