🍒4🍒

1.3K 138 5
                                    

Unicode
နောင်တမှ...သည်

                        🍒4🍒

       သူတို့နှစ်ဦးသည် တစ်​ယောက်ကိုတစ်​ယောက် စကားတစ်ခွန်းမှ မဆိုကြသေးဘဲ တစ်ယောက်မျက်လုံး တစ်ယောက် ငေးကြည့်နေကြသည်။ ဟိုးအရင်ကတည်းက လီရှောင်းဝူ နှလုံးသားထဲမှာ နေရာယူထားတဲ့ သူလေး။

       လီရှောင်းဝူက ပူဟွေ့ခြေထောက်ဘက်ကို တစ်ချက် လှမ်းကြည့်သည်။

"နာသေးလား.... "

       ပူဟွေ့က ညင်သာသော အမူအရာဖြင့် ခေါင်းခါပြသည်။ ထိုစဥ် အဒေါ်ချင်က စုတ်တံနဲ့ စာရွက်အချို့ ယူလာပေးပြီး ပြန်ထွက်သွားလေ၏။ လက်ဟန်ဘာသာစကားကို လီရှောင်းဝူမှ နားမလည်ဘဲ သူစာရေးပြရတော့မှာပေါ့။

       လီရှောင်းဝူ သူရေးပေးသည့် စာရွက်ကို လှမ်းယူကြည့်လိုက်သည်။

{"ပင်းပန်နေပြီလား.... "}

       လီရှောင်းဝူ မထင်ရှားသော အပြုံးတစ်ပွင့် ယူလိုက်၏။ ဒီလူသားက သူ့ကို ဒဏ်ရာတွေ ပေးထားတာတောင် သူက စိတ်ပူပေးနေသေးတယ်။

"မင်းက ဘာကိစ္စနဲ့ ငါ့ကိုစိတ်ပူပေးနေတာလဲ.... ပူဟွေ့..... မင်းငါ့ကို မမုန်းဘူးလား...."

      ပူဟွေ့က ခေါင်းဆက်ဆက်ခါပြသည်။

("ဒီဒဏ်ရာတွေကြောင့် ငါကမင်းကို မုန်းရမှာလား.... မဖြစ်နိုင်ဘူး ရှောင်းဝူ.... ငါမင်းကို အရမ်းချစ်ခဲ့တာ...  ")

      ပြောမထွက်တဲ့ စကားတွေက စိတ်ထဲကနေသာ ထုတ်အော်ပြောမိသည်။ လီရှောင်းဝူမျက်နှာက အေးတိအေးစက်နဲ့မို့ ပူဟွေ့လည်း စကားသိပ်မပြောရဲချေ။

"ဒီနှစ်တွေ မင်းဘယ်ရောက်နေတာလဲ.... မင်းရဲ့မိဘအရင်းတွေကို ရှာတွေ့ခဲ့လား.... "

       ပူဟွေ့က ခေါင်းခါပြ၏။

"ဆေးသောက်ပြီးပြီလား.... "

       ပူဟွေ့အတွက်က သာမန်အမေးအဖြေဆို ခေါင်းညိတ် ခေါင်းခါသာ လုပ်နိုင်သည်။

"ငါမင်းကို အခုလာကြည့်တာ စိတ်ပူလို့မဟုတ်ဘူး.... "

("ဘယ်လို..... ")

နောင်တမှ...သည်/ေနာင္တမွ...သည္(Complete )Where stories live. Discover now