Unicode
နောင်တမှ...သည်🍒3🍒
ပူဟွေ့ ခေါင်းမော့ကြည့်သည့် အခိုက်အတန့် ငယ်ရွယ်ချောမောတဲ့ ကောင်လေးတစ်ယောက်ကို တွေ့လိုက်ရသည်။ သို့သော် သူမျှော်လင့်ထားတဲ့သူ မဟုတ်ပေ။
"ပူသခင်လေး..... ကျွန်တော်ပါ မင်းသား၄"
("မင်းသား၄")
မင်းသား၄က သူ့ခြေထောက်တွေကို စိတ်မကောင်းစွာ ကြည့်နေ၏။ သူ့အစ်ကိုရဲ့အမုန်းတွေကို ဘယ်လိုဖြောင့်ဖြရမလဲဆိုတာ သူလည်း မသိချေ။ ပူဟွေ့ လမ်းမလျှောက်နိုင်တော့ဘူး ဆိုတာတော့ သူနားလည်တာမို့ ကောက်ပွေ့လိုက်သည်။
ပေါ့ပါးတဲ့ ခန္ဓာကိုယ်လေးက သူ့လက်ထဲ အလိုက်တသင့်လေး လိုက်ပါလာသည်။ သတိလစ်လုနီးပါး ပူဟွေ့သည် မင်းသား၄အား သေချာကြည့်နေရင်း ကျေးဇူး အထပ်ထပ် တင်နေမိလေ၏။
သူတို့နှစ်ယောက်အား အဝေးတစ်နေရာက လှမ်းကြည့်နေသူကတော့ လီရှောင်းဝူ။
ကိုယ်လုပ်တော်ဟွေ့၏နန်းဆောင်။
"ဟယ်....သခင်လေး...."
"သခင်လေး....."ကိုယ်လုပ်တော်ဟွေ့ ဟူသည့် အမည်အစား သခင်လေးဟုသာ ခေါ်ပါရန် မှာထားတာမို့ အဒေါ်ချင်တို့သားအမိက အပြေးတပိုင်းဖြင့် တကြော်ကြော် ခေါ်ရင်း ရောက်လာကြလေသည်။
"မင်းသား၄..."
"အရိုအသေတွေ ပေးစရာမလိုဘူး... ဆေးလိမ်းဖို့အတွက် ဆေးယူခဲ့လိုက် "
"ဟုတ်ကဲ့...."အားချင်က ဆေးပုလင်းများ အစုံအလင် ယူချလာ၏။ ပူဟွေ့အား အိပ်ရာပေါ် တင်လိုက်တဲ့ အချိန်မှာတော့ အနှီးလူသားလေးက သတိလစ်နေပြီ။
"အဒေါ်ချင်.... သူ့ကိုဆေးလိမ်း ပတ်တီးစည်းပေး ထားလိုက်ပါ"
"ဟုတ်ကဲ့ပါ""ကျေးဇူးတင်ပါတယ် မင်းသား၄"
စုတ်ပြဲနေတဲ့ ခြေထောက်သည် နီရဲလို့ မြင်မကောင်း ရှုမကောင်းတောင် ဖြစ်နေရပြီ။ မင်းသား၄ကလည်း သူ့ကိုပို့ပြီး ပြန်ထွက်သွား၏။ ညအိပ်ဝတ်စုံ လဲပေးပြီးနောက် ခြေထောက်နှစ်ဖက်ကို ဆေးလိမ်းပေးတဲ့အထိ ပူဟွေ့ သတိရမလာသေးပါ။
YOU ARE READING
နောင်တမှ...သည်/ေနာင္တမွ...သည္(Complete )