🍒7🍒

1.5K 154 7
                                    

Unicode
နောင်တမှ...သည်

                        🍒7🍒

      လီရှောင်းဝူက ဒေါသမာန်ကြီးဖြင့် ထလာပြီး

"ပူဟွေ့..... မိဖုရားရဲ့ဆေးရည်ကြောင့် မင်းအဆိပ်မိရတယ်ဆိုပြီး အခုသူ့ကို ပြန်ပြီး လက်စားချေတာလား.... ဟင်... "

{"မဟုတ်ဘူး....ရှောင်းဝူ.... ငါလုပ်တာ မဟုတ်ပါဘူး... "}

"မင်းဘာမှငါ့ကို လက်တွေလာရမ်းပြမနေနဲ့.... မင်းဟိုတစ်နေ့က မင်းဆေးဆောင်ထဲ ဝင်သွားတာ ငါသိတယ်.... မင်းယူသွားတဲ့ဟာက အဆိပ်ဆိုတာလည်း သိပြီးပြီ....ပူဟွေ့ မင်းဘာလုပ်ဖို့ ကြံနေတာလဲ...."

       လီရှောင်းဝူသည် ပူဟွေ့လက်မောင်းနှစ်ဖက်ကို တင်းတင်းဆုပ်ကိုင်ရင်း

"မင်းတကယ်..... မင်း..... "

{"ရှောင်းဝူ...."}

"မင်းအခုလို လုပ်လိမ့်မယ်လို့ ငါလုံးဝမထင်ထားဘူး...."

{"မဟုတ်....ငါ...."}

"လာကြစမ်း.....ပူဟွေ့ကို သူ့နန်းဆောင်မှာ တံခါးပိတ်ထား.... လုံးဝ အပြင်မထွက်စေနဲ့... "

"ဟုတ်ကဲ့..."
"ဟုတ်ကဲ့...."

       အစောင့်နှစ်ယောက် ဝင်လာ၍ ပူဟွေ့ကို တစ်ဖက်ဆီဆွဲပြီး ခေါ်ထုတ်သွားလေတော့သည်။ ထိုနေ့တွင် မိဖုရားခေါင်၏ကျန်းမာရေးအတွက် အားလုံးက စိုးရိမ်ပူပန်နေကြသည်။

       ဆက်တိုက် သွေးတွေအန်နေလို့ နန်းတွင်းသူလေးတွေကော သမားတော်ကြီးကပါ ထိတ်လန့်နေကြ၏။

       ထို့နေကစပြီး ပူဟွေ့သည် အခန်းထဲက အခန်းအပြင် ထွက်ခွင့်မရတော့ပေ။ သူမလုပ်တဲ့အကြောင်းလည်း ရှင်းပြခွင့် မရလိုက်သလို လီရှောင်းဝူသည်လည်း သူ့ကိုလှည့်မကြည့်ခဲ့။

       တစ်ပတ်ကြာသော်

"သခင်လေး...."

       အားချင် လက်ဖက်ရည်ပွဲလေး ယူလျက် ဝင်လာသည်။ အခန်းထဲမှာတော့ ပူဟွေ့သည် စာတွေကို နေ့မအားညမနား ရေးနေ၏။ အကယ်၍ လီရှောင်းဝူ လာခဲ့ရင် သူ့ရင်ထဲကစကားတွေ ဖွင့်ပြောပြနိုင်အောင်လို့လေ။

       အားချင်က လက်ဖက်ရည်ပွဲကို သူ့ဘေးတွင်ချရင်း

"သခင်လေး... ဒီနေ့ပဲ မင်းသားရို့ကို ကြင်ယာတော် မြှောက်လိုက်တယ်...."

နောင်တမှ...သည်/ေနာင္တမွ...သည္(Complete )Where stories live. Discover now