Unicode
နောင်တမှ...သည်🍒8🍒
တဖြည်းဖြည်း နန်းတော်ဂိတ်တံခါးကို ရောက်လာခဲ့သည်။ တံခါးစောင့် ရဲမတ်များက သူတို့နှစ်ယောက်ကို တားဆီလာ၏။
"လူကြီးမင်း.... သခင်လေးက မြို့ထဲသွားမလို့ပါတဲ့...."
"အို..... ပူသခင်လေးပါလား...."မမြင်ရလည်း သိတယ်။ အဲ့ဒါ သူ့နှလုံးသားကို နင်းချေဖျက်စီးခံရအောင် လုပ်သွားတဲ့ ကောင်။ မိန်းမလိုလို ယောကျ်ားလိုလိုနဲ့ လီရှောင်းဝူကို သွေးထိုးစကားတွေ ပြောခဲ့တဲ့ကောင်။
ပူဟွေ့က တစ်ချက်ကလေးတောင် လှည့်မကြည့်ဘဲ အားချင်ကို ခါးကနေမချီကာ မြင်းပေါ်တင်လိုက်၏။
"အယ်.... သခင်လေး...."
{"ငြိမ်ငြိမ်နေ..."}
"ပူသခင်လေး.... အရှင်က စိတ်ညစ်နေတဲ့ အချိန်မှာ ပူသခင်လေးက ထွက်ပြေးမလို့လား...."
သေချာနားစွင့်ကြည့်လိုက်တော့ ရို့မုန် နဲ့ နန်းစောင့်တပ်ဖွဲ့က သူတို့ဘေးတစ်ချက်စီမှာ ရပ်နေကြတာ ဖြစ်၏။ ပူဟွေ့သည် အားချင်အနောက်သို့ လွှားခနဲ ခုန်တက်လိုက်ပြီး နန်းစောင့်တပ်ဖွဲ့များကြား မြင်းကိုမောင်းထွက်ခဲ့လေသည်။
ပူဟွေ့၏ ရုတ်တရက် ဆန်သော အပြုအမူကြောင့် ရဲမတ်များလည်း တားမြစ်ရန် မေ့လျော့သွားပြီးမှ လိုက်ကြလေ၏။ သူက မမြင်ရသော်လည်း မြင်းကတော့ မြင်နေရတယ်လေ။
ဘယ်မြင်းက အိမ်တွေကို ဝင်တိုးပါ့မလဲ။ အားချင်က မြင်းကိုလမ်းနည်းနည်း တည့်ပေးလိုက်သည်နှင့် မြင်းကတန်းနေအောင် ပြေးတော့သည်။ မြို့ဂိတ်တံခါး ပိတ်ခါနီးဆဲဆဲတွင် သူတို့နှစ်ယောက် လွတ်မြောက်သွား၏။
မြို့ကြီးထဲကနေ နောက်ဆုံးတော့ ထွက်လာနိုင်ခဲ့ပြီ။ သို့သော် ကိစ္စက ဒီလောက်နဲ့ မပြီးသေး။ လီရှောင်းဝူကပါ မြင်းတပ်ဖွဲ့နှင့် လိုက်လာတာကြောင့် သူတို့မြို့ပြင်က သစ်ပင်အောက်တွင် နားလိုက်ရသည်။
ခိုးထွက်လာတဲ့ အဒေါ်ချင်သည် ထိုသစ်ပင်အောက်တွင် ရပ်နေ၏။
YOU ARE READING
နောင်တမှ...သည်/ေနာင္တမွ...သည္(Complete )