🍒5🍒

1.4K 148 7
                                    

Unicode
နောင်တမှ...သည်

                        🍒5🍒


         နောက်နေ့တွေ ရောက်တော့

         ပူဟွေ့သည် လီရှောင်းဝူ နှင့် ရို့မုန် ဘာတွေလုပ်နေသလဲ သိချင်တာကြောင့် အနောက်ကနေ တိတ်တိတ်ကလေး လိုက်လိုက်ချောင်းသည်။ အားချင်ကတော့ သူ့ဘေးကနေ မပါမဖြစ်ပေ။ သူ့နန်းဆောင်မှာက အစောင့်တွေလည်း ရှိမနေတာကြောင့် သူဘယ်သွားလဲ ဘယ်သူမှမသိချေ။

        တစ်နေ့ထက်တစ်နေ့ လီရှောင်းဝူနှင့် ရို့မုန် ပိုပိုပြီး ရင်းနှီးလာတာကို သူခံစားမိသည်။ စျေးထဲသွားလို့ လီရှောင်းဝူက တိုင်းပြည်အကြောင်း ရှင်းပြသည့်အခါ ရို့မုန်က အလှဆုံးပြုံး၍ နားထောင်တတ်သည်။

       ဆိပ်ကမ်းကိုသွားပြီး ကုန်သွယ်ခြင်းနဲ့ ပတ်သက်ပြီး လုပ်ဆောင်ကြသည့် အခါတွင်လည်း လိုတာထက်ပိုပြီး နီးကပ်နေတာ တွေ့ရတော့ ပူဟွေ့ရင်တွေ ပူလာသည်။ ဒေါသထွက်ရမယ့်အစား သူဝမ်းနည်းလာ၏။

       အခုဆို လီရှောင်းဝူနဲ့ ရို့မုန်က ဘေးချင်းယှဥ်လျက် ရပ်နေကာ ကုန်ပစ္စည်း သယ်ပို့နေကြတာကို စစ်ဆေးနေကြတာဖြစ်သည်။ အဝေးတစ်နေရာမှ ပူဟွေ့သည် လှမ်းချောင်းကြည့်ရင်း မူမမှန်သည့် အရာတစ်ခုကို ခံစားမိ၏။

       အန္တရာယ်တစ်ခုခု ချဥ်းကပ်လာတဲ့ လေထု အနံ့အသက်တွေ။

'ရွှမ်း.....'

       ရုတ်တရက် လူတစ်ယောက်က ဓားကိုဝံ့ကြွားလျက် ရို့မုန်ထံ လွှဲရမ်းလာသည်။ ဘယ်သူထင်မှာလဲ။ လီရှောင်းဝူက ရို့မုန်ကိုဆွဲပြီး သူရှေ့ကနေ ဓားသမားကို ကျောပေး ကာလိုက်လေ၏။ သို့သော်။

'ရွှမ်း...'

       ဓားက သူ့အပေါ် ကျမလာဘဲ ဝင်ကာလိုက်သူ တစ်ဦး၏လက်မောင်းကို ရှထိသွားသည်။

"သခင်လေး...... "

       အားချင်က အသံပြဲကြီးဖြင့် အော်ပြေးလာပြီး ပူဟွေ့အား ပွေ့ထူလိုက်ခါမှ သူတို့ရှေ့က ဝင်ကာသူဟာ ပူဟွေ့မှန်း လီရှောင်းဝူ သိလိုက်ရလေသည်။ ပူဟွေ့ဒဏ်ရာကို မြင်တော့ သူဒေါသထွက်ကာ ကိုယ်တိုင် ရှေ့ထွက်တိုက်တော့၏။

နောင်တမှ...သည်/ေနာင္တမွ...သည္(Complete )Where stories live. Discover now