Ep.1

1.7K 70 3
                                    

Love Surrounded by hatred
Ep.1

လေယာဉ်ပေါ်ရှိခရီးသည်များရှင့် မကြာခင်အချိန်တွင်းမှာဂျယ်ဂျူကိုထွက်ခွာတော့မှာဖြစ်ပါတယ်။

လေယာဉ်မယ်ရဲ့ကြေညာချက်ကြောင့်ခုံကိုမှီကာအိပ်နေသည့် Mina ခန္ဓာကိုယ်လေးမတ်ခနဲဖြစ်သွားသည်။

Mi-လေယာဉ်တောင်ထွက်တော့မှာပဲ

အနွေးထည်အင်္ကျီလေးရဲ့လက်ကိုပင့်တင်ကာနာရီကိုကြည့်ရင်းပြောလိုက်မိသည်။ လေယာဉ်ပေါ်ကိုခရီးသည်အလျှိုလျှိုထပ်ပြီးတက်လာကြတော့ခနတာရှုတ်ရှက်ခတ်သွားသည်။

"လေယာဉ်မြန်မြန်ထွက်ပါတော့"
Mina စိတ်ထဲကနေရေရွတ်လိုက်မိသည်။
ဖြစ်နိုင်ရင်ဂျယ်ဂျူကိုသာအမြန်ဆုံးရောက်ချင်မိတယ်။ တစ်စက္ကန့်လေးတောင်မှ ဆိုလ်းမြို့မှာရှိမနေချင်တော့ဘူး။
ဒါတွေအကုန်လုံးSon Chaeyoung ဆိုတဲ့အဲ့ဒီလူကြောင့်

"တောက်.. "

အတွေးနဲ့အာရုံထဲမှာပေါ်လာတဲ့အဲ့ဒီလူမျက်နှာကြောင့် Mi အံကြိတ်ကာတောက်တစ်ချက်ခေါက်လိုက်မိသည်။

"ပကာသနတွေအဆောင်အယောင်တွေဂုဏ်တွေနဲ့ Mi ရဲ့ဘ၀ကိုသိမ်းပိုက်ဖို့ကြိုးစားနေတဲ့လူ။ရှင်ဘယ်တော့မှ Miကိုမပိုင်ဆိုင်စေရဘူး။ "

Miမျက်လုံးကိုစုံမှိတ်ကာခေါင်းကိုခါရမ်းလိုက်မိသည်။

" Miဘာမှစိတ်မပူနဲ့ Mo ပြောတဲ့အတိုင်းသာလုပ်။ ဂျယ်ဂျူရောက်တာနဲ့ Mo ရဲ့သူငယ်ချင်းလင်မယားလာကြိုလိမ့်မယ်။ သူတို့ကို Mi လိုအပ်သမျှအစစအရာရာစီစဉ်ပေးဖို့Mo ပြောထားတယ်။ Mo လည်းဆေးရုံကအလုပ်တွေလက်စသတ်ပြီးတာနဲ့ Mi နောက်လိုက်လာခဲ့မယ်"

MoMo ပြောတာတွေကိုMinaပြန်နားယောင်နေရင်းလက်သီးလေးကိုတင်းနေအောင်ဆုပ်ထားမိသည်။

"ကိုယ် Mi ကိုဘယ်နည်းနဲ့မှ Son Chaeyoung ရဲ့လက်ထဲအရောက်မခံနိုင်ဘူး"

Minaရဲ့လက်ကလေးကုကိုင်ကာစိုးရိမ်နေတဲ့မျက်၀န်းတွေနဲ့ပြောခဲ့တဲ့MoMoရဲ့စကားတွေကိုပြန်နားယောင်နေမိတယ်။ Minaလည်း Chaeyoungကိုလုံး၀လက်မထပ်ချင်တာကြောင့်MoMoပြောတဲ့အတိုင်းဂျယ်ဂျူကိုအရဲစွန့်ပြီးထွက်လာခဲ့သည်။

Love Surrounded by hatredWhere stories live. Discover now