"ပြန်လာမယ်
ပြန်မလာဘူး
ပြန်လာမယ်"
ဖတ်လက်စ စာအုပ်ကို ဖျတ်ခနဲ
ပိတ်လိုက်ပြီး အသံလာရာ
လှမ်းကြည့်လိုက်တယ် ..။မြက်ပင်တွေကြားမယ် ကြယ်လေးရယ်
ပုံ့ပုံ့ကလေး ထိုင်နေတယ်..။"ဘာတွေ ဆော့နေတာလဲ .."
သူ့အမေးမှာ ကြယ်လေးက
သွားကျိုးလေးတွေ ပေါ်တဲ့အထိ
ပြုံးပြရင်း
လက်တစ်ဖက်ကိုပါ မြှောက်ပြတယ် ..။ကြယ်လေးလက်ထဲမှာ
သစ်ခက်လေးတစ်ခုရှိတယ် ..။"ပါး ပြန်လာတော့မှာလား မေးနေတာ.."
"ဟမ်.."
အူလည်လည်အတွေးနဲ့ သူ့ရှေ့ကို
ကြယ်လေးက
ခုန်လို့ပေါက်လို့ ရောက်လာတယ်..။"ရှောင်းရှောင်းကျန့်ကိုလည်း
ကောင်လေး ဘယ်တော့ပြန်လာမလဲ
မေးပေးမယ်.."အရင်ကသာ သူ့ အဲ့လိုခေါ်ရင်
ငါက နင့်အဖေအရွယ်လောက်ရှိတယ်
ဘာကိစ္စ ရှောင်းရှောင်းကျန့်လဲလို့
ပက်ခနဲနေအောင်
ပြန်ဟောက်ဖြစ်ပေမယ့်..ခုတော့ သူ့မျက်ဝန်းတွေက
ကြယ်လေးလက်ထဲက
သစ်ခက်လေးနဲ့အတူ
လေမှာ ယိမ်းလို့ပါပဲ..။ကြယ်လေးက
သစ်ခက်လေးဆီကနေ
သစ်ရွက်လေးတွေကို
တစ်ရွက်ချင်းစီ စလို့ ခြွေတယ်..။"ပြန်လာမယ်..
ပြန်မလာဘူး..
ပြန်လာမယ်....."
