တူးနံ့တစ်ခုကြောင့်
အိပ်ရေးမဝသေးတဲ့ မျက်လုံးတွေကို
အားယူပြီး ဖွင့်လိုက်တယ်.. ။လှေကားက အဆင်း အောက်ထပ်က
စကားသံတစ်ချို့ ကြားရတယ်..။"ကြောင်..မင်းကို ငါ
နွားနို့အိုးကြည့်ပေးထားလို့
မပြောခဲ့လား..ခုတော့ တူးပြီ.."သူ ကြားနေကျ အသံ...
မကြားရတာ ကြာပြီဖြစ်တယ့်
ဒီစကားသံ...သူ လှေကားကနေ အမြန်ပြေးဆင်းပြီး
မီးဖိုခန်းဘက် သွားတယ်..။ပုံ့ပုံ့ကြီးထိုင်ပြီး
ခြေထောက်တစ်ဖက်မြှောက်လို့
အမွှေးတောင် သ နေသေးတယ့်
ကြောင်ကို ရိပေါ်က ဆူရင်းငေါက်ရင်း ဖနောင့်နဲ့ ပေါက်ဖို့ ရွယ်နေတယ်..။"ရိပေါ်..."
သူ့ကို လှည့်ကြည့်ပြီးတယ့်နောက်
အရှိန်ယူနေတယ့် ဖနောင့်ကို
ကြမ်းပြင်ပေါ် ပြန်ချလိုက်ပြီး
စူပုတ်ပုတ်နဲ့ ပြောပါတယ်..။"အကို မဆူနဲ့နော်..
ကျနော် ခနလေး အိမ်သာ သွားလိုက်တုန်း
တူးသွားတာ...""ကြောင်မကောင်းတာ
ဒင်း လာမခေါ်ဘူး...""အဲ့တာ ငါ့ မခန့်တာလား..
သောက်အမွှေးသေအောင် သ လဲ ရည်းစားမရဘူး.."သူ့ကို လှည့်ကြည့်လှည့်ကြည့်နဲ့
ကြောင်ကို ဖိဆူနေပြန်တယ်..။သူ ခြေလှမ်းကျဲတွေနဲ့
ခပ်မြန်မြန်လှမ်းသွားတော့
ရိပေါ်က ဖတ်ခနဲ ဆို
နောက်ကို ခုန်ပြီးဆုတ်တယ်..။
ဆုတ်ရင်းနဲ့ နောက်ဘက်က
ထမင်းစား စားပွဲနဲ့ တိုက်မိသွားတော့
ကြံရာမရပုံနဲ့ ထအော်ပါတယ်..။"အား...ဆံပင်လာ မဆွဲနဲ့နော် ..
ဒီတစ်ခါ အိမ်သာကို ခနလေးတက်တာ
တကယ်ကို ခနလေး..."အာဗြဲကြီးနဲ့ မျက်စိစုံမှိတ်ပြီး
အော်နေပြန်တဲ့ ရိပေါ်ကို
သူ့ဘက် ဆွဲယူပြီးဖက်လိုက်တော့
အော်လက်စ အသံဟာ
တိမ်ဝင်လို့ သွားပါတော့တယ်..။"အကို နေမကောင်းဘူးလား .."
သူ့ နဖူး စမ်းကြည့်ဖို့ ပြင်နေပြန်တယ့်
ရိပေါ်လက်ကို အသာရုတ်လို့
တိုးဖက်လိုက်ပြီး
သူ့ မျက်ဝန်းတွေကို မှိတ်ချလိုက်တော့
မျက်ရည်တစ်ချို့က
လိမ့်ဆင်းလို့လာပါတယ်..။"အကို ငိုနေတာလား.."
အမေးနဲ့ အဖြေဟာ
ဆန့်ကျင်ဘက်လို့ ထင်ရပေမယ့်
မှန်ရာကို သူ ဖြေလိုက်တယ်..။"ငါ....လွမ်းနေခဲ့တာ...."
နောက်တော့ နောက်တော့..
မီးဖိုခန်းထဲမှာ
သူဟာ တစ်ယောက်တည်း...။တူးလက်စ နွားနို့အိုးရယ်...
အပျင်းတစ်နေတယ့် ကြောင်ရယ်...
ရိပေါ်ကရော..
ရုတ်တရက် သူ မျက်လုံးအဖွင့်
မျက်ရည်တစ်ချို့ကြောင့်
သူ့ပါးပြင်တွေဟာ စေးကပ်လို့နေတယ်..။အိမ်အောက်ဘက်ဆီက
အော်သံကြားရတယ်..။"ရှောင်းကျန့် တံခါးဖွင့်ပါဦး...
ခုထိ မနိုးသေးဘူးလား...." တဲ့ကြိုးကြာနီရဲ့ အသံ ဖြစ်တယ်...။