"မင်းရေးတယ့်စာတွေ တစ်လုံးမှ
ငါ နားမလည်ဘူး...."မုန့်ဖြူတစ်ယောက် စာအုပ်ကို ဟန်ပါပါ
ကိုင်ထားရင်းကနေ
သူ့ဘက်လှည့်လို့ ပြောလာပါတယ်..။မုန့်ဖြူစကားကို
သူ ခေါင်းညိတ်ထောက်ခံရင်း
ရယ်ချင်စိတ်ကိုတော့ မရိပ်မိအောင်
မျက်နှာကို လွှဲထားရပါတယ်..။သူ့ရဲ့ ထွက်သမျှစာအုပ်တိုင်းက
ဘိလပ်လိုချည်း ရေးခဲ့တာဖြစ်ပြီး
မုန့်ဖြူကတော့ မိခင်ဘာသာစကားကိုသာ
အဆုံးထိ ဖက်တွယ်သွားမယ့်သူ
ဖြစ်တယ်..။ဒီလိုလူက ဒီစာ နားမလည်တာ
အဆန်း မဟုတ်ပေမယ့်လို့
ဆန်းနေတာတစ်ခုက
အိမ်လာတယ့်အခါတိုင်း
သူ့စာအုပ်တွေ ကောက်ကောက်ကိုင်ပြီး
အထက်ပါ စကားကို
အစကနေ ပြန်ပြောင်းပြောတတ်တာပဲ
ဖြစ်တယ်..။"မင်းရေးတယ့်စာတွေ တစ်လုံးမှ
ငါ နားမလည်ဘူး.."မုန့်ဖြူက သူ့ကို စိုက်ကြည့်လာပြန်တယ်..။
သူ အကြောက်ဆုံးကလည်း
မုန်ဖြူရဲ့ အဲ့ဒီ ဇရာထောင်းနေတယ့်
မျက်ဆန်နက်လေးတွေကိုပဲ ဖြစ်တယ်...။လူတစ်ယောက်ကိုများ
သေချာစိုက်လို့ကြည့်လာရင်
တစ်ဖက်လူ စိတ်ထဲရှိသမျှ
အရာရာကို ထွင်းဖောက်
နားလည်ပြီး သိနိုင်စွမ်းပါတယ်လို့
ဆိုလိုဟန်ရှိလို့ဖြစ်တယ်..။"မုန့်ဖြူရေ..
ပြဿနာ တက်ပြီတဲ့..
ပြဿနာ အကြီးကြီး တက်ပြီတဲ့...."ကြယ်လေးရဲ့ အသံစာစာ စာစာက
လူ့အရင်
အိမ်ထဲကို ရောက်နှင့်ပါတယ်..။"သောက်ကလေး သူ့အရွယ်နဲ့
ဘာ ပြဿနာ...
ပြဿနာတောင်
ဘယ်လိုစာလုံးပေါင်းရမှန်း
သူ သိတာကျ..."မုန့်ဖြူက စာအုပ်ကို ဖျတ်ခနဲ ပိတ်လိုက်ပြီး ပွစိပွစိပြောပါတယ်...။
"ကြယ်လေး အဲ့မှာပဲနေ.
ငါ ဆင်းလာခဲ့မယ်.."ပြောရင်းဆိုရင်း
မုန့်ဖြူတစ်ယောက်
လှေကားကနေ သုတ်ခနဲ
အောက်ထပ် ဆင်းသွားပါရော..။နောက်က လိုက်ဆင်းတယ့်သူ့မှာ
မုန့်ဖြူနောက်ကို
မနည်း မှီအောင်လိုက်ရပါတယ် ..။