တစ်နှစ်ပတ်လုံး
ကြောင်နဲ့သူနဲ့ မေးတစ်ခွန်း ဖြေတစ်ခွန်း
(သူပြောသမျှ ညောင်လို့ထူးရုံ..)
တိတ်တဆိတ်ဖြတ်သန်းလာခဲ့တဲ့
အိမ်ငယ်လေးဟာ
ဆူညံသံတွေနဲ့ တစ်ဖန်ပြန်လို့
အသက်ဝင်လာခဲ့ပါတယ်..။သူ အိပ်ရာထ
နောက်ကျတယ့်နေ့တွေမှာ
နွားနို့အိုးက တူးလို့ကောင်းတုန်း..။ကြော်မိသမျှ ငါးကြော်တိုင်းက
အပေါ်ယံ မျက်နှာစာ ပုံမပျက်ပဲ
ကျောဘက်တစ်ခြမ်းစီ
ကွက်ပျောက်လာတယ်..။သူ စိတ်တိုပြီး ဆူလိုက်တယ့်အခါကျ
ရိပေါ်က ကြောင်ကို လက်ညှိုးထိုးပြီး
ကြောင်က သူ့ကို
မျက်စောင်းထိုးပါတယ်..။အသက်ကလေး
လက်နှစ်ဖက် ပြည့်ရုံနဲ့
စိတ်ကို ကစားကွင်းတည်လာတယ့်
ကြယ်လေးကတော့
ရိပေါ်က သူ့ရဲ့ အချစ်ဦးပါတဲ့..။သူ့ကို ရှေ့ထားပြီးလည်း
စျေးဗန်း မကြာခဏ ခင်းလေ့ရှိပါတယ်..။"ကောင်လေးကို
တုတ်ထိုး ချိုချဉ်တွေ နေ့တိုင်း နေ့တိုင်း
ကျွေးမယ်...""အစ်မလင်း ဆူမှာပေါ့.."
"မားမသိအောင် ခိုးကျွေးမယ်လေ.."
တစ်နေ့တစ်နေ့ အိမ်မှာ
နေ့ဖို့ညစာချက်ထားသမျှ
အပျောက်ရိုက်နေတယ့် ရိပေါ်ကတော့
အခိုင်အမာကို ငြင်းပါတယ်..။"မရဘူး..ငါ့မှာ ရှိတယ်.."
"ဘာရှိတာလဲ..."
"ရှောင်းရှောင်းကျန့်လား..
ခေါက်ထားလိုက်.."စိတ်တိုတိုနဲ့ ကြယ်လေးခေါင်းကို
သူ ထခေါက်မိတော့
နားမခံသာတယ့် ငိုသံရှည်ကြီး
ထွက်ကျလာပါတယ်..။တမလွန်ရဲ့ တစ်ဖက်ကမ်းထိ
မရောက်လိုက်ရပေမယ့်
ကမ်းစပ်နားထိ အလည်ရောက်ဖူးခဲ့တယ့်
ရိပေါ်ဟာ
သိပ်ကို တည်ငြိမ်သွားမှာပဲလို့
ထင်နေရင် မှားပါလိမ့်မယ်..။ကြယ်လေးဆီက
တုတ်ထိုးချိုချဉ်ကို
မကြာခဏ
လုစားလို့ကောင်းတုန်း..ကြိုးကြာနီနဲ့ပေါင်းပြီး
ကြိုးကြာနီအမေရဲ့ ဝိုင်ခြံက
ဝိုင်တွေကို စည်လိုက်ထုတ်ပြီး
ခိုးသောက်လို့ကောင်းတုန်း..။
