နေထိုးတာ မကြိုက်တယ့်
ရိပေါ်ရဲ့ဆေးရုံခန်းလေးထဲမှာ
ခန်းဆီးစ ဖြူလွှလွှလေးရှိတယ်..။ငြိမ်သက်နေတယ့်
လက်ချောင်းရှည်တွေကို
သူ အသာဆုပ်ကိုင်လိုက်တယ်..။မကြာခဏ သွားစာမိလေ့ရှိတယ့်
လက်သည်းပြားလေးတွေက
ခုခါကျမှ လွတ်ငြိမ်းခွင့်ရဟန်တူတယ်..။သူ့နောက်ကနေ မုန့်ဖြူက
ခပ်တိုးတိုးပြောတယ်..။"ငါ ဟိုတစ်ခါ လာတော့
ညှပ်ပေးထားသေးတယ်...
အဲ...ဆံပင်ရော..."ရိပေါ်ဆံပင်က အတော်လေးကို
ကြည့်ရဆိုးပါတယ်..။
ငယ်ငယ်က ကြားဖူးနားဝရှိခဲ့ဖူးတယ့်
ကြွက်ကိုက်ကေဆိုတာမျိုးကို
ခုအရွယ်ရောက်မှပဲ မျက်ဝါးထင်ထင်
တွေ့ခွင့်ရလိုက်သလို ပုံစံမျိုး ..။
သို့ပေမယ့်ပေါ့
ဖောင်းနေတယ့် ပါးလေးတွေ
ပိုထင်းလာသယောင်မို့
ကြံဖန်ပြီး ခွင့်လွှတ်ရမှာပါပဲ..။ညနေစောင်းတယ့်အထိ
ထိုင်ငေးနေမိတယ့် သူ့ကို
မုန့်ဖြူက ပြန်ဖို့ လောပါတော့တယ်..။"ပြန်ကြစို့..
နောက်နေ့တွေလဲ လာလို့ရနေတာပဲကို.."လှည့်မကြည့်ပဲနဲ့ သူ
ခေါင်းညိတ်လိုက်တယ်..။"မုန့်ဖြူ ပြန်နှင့်..
ကျနော် နောက်က လိုက်ခဲ့မယ်.."မုန့်ဖြူတစ်ယောက်
သက်ပြင်းကို မသက်မသာချလို့
ခပ်လေးလေး ပြန်ဖြေတယ်..။"အေး...." တဲ့
သူ တကယ် ပြန်ဖို့ ပြင်တော့
နေ့ကိုကျော်လို့ ညတောင်
ကူးခဲ့ပြီ ဖြစ်တယ်..။ကုတင်ဘေးက ပြတင်းပေါက်ကို
အသေအချာ ပိတ်လိုက်ပြီး
ခန်းဆီးစကို ဘေးကိုဆွဲလိုက်တယ်..။"ဒီညလည်း လသာတယ်..
သိလား...ရိပေါ်..."လရဲ့အရောင်က
ပြတင်းပေါက်မှန်ကတစ်ဆင့်
အခန်းထဲကို ခပ်ရိပ်ရိပ်ကျလာပါတယ်..။တံခါးနားထိ လျှောက်ခဲ့ပြီးမှ
ကုတင်ဘက်ဆီ
သူ ပြန်လှည့်လိုက်တယ်..။ပုံပြင်တွေထဲမှာတော့
အိပ်ပျော်နေတယ့် ချစ်ရသူကို
နှိုးလိုက်ဖို့ အနမ်းတစ်ပွင့်သာ လိုပါသတဲ့
ဒီလိုသာဆို မင်းကရော...
