"အကို...."
တံခါးပေါက်ဝမယ်
ကြောင်ပြီးရပ်နေမိတယ့် သူ့ကို
ကုတင်ထက်မယ် ပုံ့ပုံ့ကလေး
ထိုင်နေတယ့် ရိပေါ်က
နောက်တစ်ခွန်း ထပ်ခေါ်ပါတယ်..။"အကို..." တဲ့
"ဘာလို့ ရပ်နေတာလဲ...
ကျနော့်ဆီ လာလေ..."သူ ရုတ်တရက် ပြေးဖက်မိပြန်တော့
ရိပေါ်မယ် အင့်ခနဲ...ရိပေါ်က ခပ်တိုးတိုးရယ်ရင်းက
လက်ချောင်းရှည်တွေနဲ့
သူ့ဆံပင်ထဲ ထိုးဖွလာတယ်...။"ဆံပင်က ရှုပ်ပွနေတာပဲ..."
ရိပေါ်အပြောမှာ
သူဖက်ထားရာကနေ ပြန်ခွာလိုက်ပြီး
သူ့ကိုယ်သူ ပြန်ကြည့်မိတော့..ညဝတ်အင်္ကျီ ကြေကြေ ပွပွရယ်..
အင်း...အိမ်စီးဖိနပ်က တစ်ဖက်ရယ်..
ကြိုးကြာနီ စကားကိုဆုံးအောင်တောင်
နားမထောင်ပဲ ပြေးထွက်လာတာမို့
ဖိနပ်တစ်ဖက်က ဘယ်နား
ကျွတ်ကျန်ခဲ့မှန်းပင် မသိ...။"အဟမ်း...."
အသံကြောင့် ဘေးဘီဝဲယာကြည့်မိတော့
မုန့်ဖြူကို တွေ့တယ်..။"မင်း မျက်နှာရော သစ်ခဲ့ရဲ့လား.."
သူ့ကိုယ်စား ရိပေါ်က ဝင်ဖြေတယ်..။
"သေချာပေါက် မသစ်ဘူးပေါ့..
ဒါပေမဲ့ ဘယ်လိုနေနေ
အကိုက ချောတယ်...""စလာပြီ သောက်ပိုတွေ..."
မုန့်ဖြူရဲ့ အပြောကို
ရိပေါ်ရော သူပါ ညှိစရာမလိုပဲ
မကြားဟန်ဆောင် လိုက်တယ်..။"အကိုက တကယ်ကြီး
ပို ချောလာတာပဲ....""မှဲ့နက်လေးတောင် ပိုထင်းလာသလို.."
မှဲ့ဆီ လာတို့ထိနေတယ့်
လက်ညှိုးလေးကို နှုတ်ခမ်းပေါ်
သူ ရွှေ့ယူလိုက်တော့..မုန့်ဖြူက ဒုတိယအကြိမ်မြောက်
ထပ်ပြောပါတယ်..။"သောက်ပိုတွေ..." တဲ့
ခနကြာတော့
ကြိုးကြာနီရဲ့အော်သံကြီး
အခန်းဝက ထွက်လာပါရော...။"ရှောင်းကျန့်...ငါ့တောင်မစောင့်ဘူး.."
ပြောရင်းဆိုရင်းက
အပေါ်ဘက် တံခါးဘောင်ကို ဖျတ်ခနဲ
လွှဲခုန်လိုက်ပြီး ဖိနပ်ကြီး တစ်ဖက်ကိုင်လို့
ဝင်ချလာတယ်...။"ဒီမယ် မင်းဖိနပ်..."
မုန့်ဖြူက စိတ်မရှည်ဟန်နဲ့
ဖိနပ်ကို ဆွဲယူပြီး
ကြမ်းပြင်ပေါ် ပစ်ချလိုက်တယ်..။"သေမလို့ ဖိနပ်ကို လက်ကြီးနဲ့
တကိုင်ကိုင် လုပ်နေတာလား...""ပြီး...ဒါဆေးရုံ...မင်းအမေအိမ် မဟုတ်ဘူး...နောက်ဆို လူလိုဝင်...ဘာ..
ကြိုးကြာနီ...မျောက်..မျောက်ဖင်နီ..."ရိပေါ်က တဟားဟား ထရယ်တော့
ကြိုးကြာနီက တဟီးဟီး
လိုက်ရယ်တယ်....။"ရိပေါ်..တို့ ဒီည သောက်ကြမလား.."
ရှောင်းကျန့်တစ်ယောက်
ဝင်ဟန့်ချိန်တောင် မရလိုက်..သူ့ ပခုံးထက်ဆီက
အသံခပ်တိုးတိုးထွက်လာတယ်..။"ဝိုင်...ဝိုင် ပြင်းပြင်းလေး တစ်ခွက်.."
ပြောရင်းကနေ သူ့မေးဖျားနား
နွေးသွားပြန်တော့
သူ့ နှုတ်ခမ်းတွေကို
သော့ပိတ်လိုက်ရတယ်...။ရှောင်းကျန့် အခန်းကို
တစ်ချက်ဝေ့ကြည့်ရင်းက
သက်ပြင်းကို စိတ်နဲ့ချတယ်..။အင်း...အိမ်မှာ
ကြောင် ကျန်ခဲ့တာပဲ...။တော်သေးတယ်..။
ကြောင်ဟာ ကြောင်ဖြစ်နေလို့ကို
တကယ်ကို တော်ပါသေးတယ်...။