"မားရေ....
မုန့်ဖြူ လိမ်နေတယ်...."ကြယ်လေးရဲ့ အော်ငိုသံက
နေ့ခင်းနေ့လည် ခြံထဲဆင်းပြီး
တရေးတမော အိပ်ဖို့ပြင်နေတယ့်
သူ့နားထဲထိအောင်
စူးခနဲ ရောက်လာပါတယ်...။သူ့ပေါင်ပေါ်တက်ပြီး ဇိမ်ယူနေတယ့်
ကြောင်ပါ နားရွက်ဖျားတွေ
လှုပ်လာပါရော..။"မိကြယ်တို့ ရစ်ပြီ ထင်တယ်.."
ကြောင်ကို မြက်ခင်းပေါ်ချလိုက်ပြီး
ခြံဝဘက် ထွက်ခဲ့တယ်..။"မလိုက်ဘူးလား.. မင်းက..."
သောက်ပျင်းကျတယ့်ကြောင်ဟာ
သူ့ မချီတာမို့ တလှုပ်လှုပ်နဲ့
ဟန်ရေးပြရင်း လာနေပါတယ်..။"ဟန်လုပ်မနေနဲ့..မြန်မြန်လာ..
မင်းကိုယ်လုံးကြီး ငါ မသယ်နိုင်ဘူး.."ဆိုင်ရှေ့ဘက် ကွပ်ပျစ်မယ်
မုန့်ဖြူရယ် ကြယ်လေးရယ် ..။တကယ်က သူတို့ တစ်လမ်းလုံးမှာ
မုန့်ဖြူက အသက်အကြီးဆုံး..။သက်တမ်းခြောက်ဆယ်ကို ကျော်လို့
တစ်ဖက်ကမ်းတောင် လက်လှမ်းပြလို့
ရနေတယ့် အရွယ်ဖြစ်တယ်..။ဖွေးဖွေးလှုပ်နေတယ့် မုတ်ဆိတ်တွေကို
အကြောင်းပြုလို့ တစ်လမ်းလုံးက
မုတ်ဆိတ်ဖြူလို့ခေါ်တယ်..။ကြယ်လေး စကားတတ်စမှာ
မုတ်ဖြူ မုတ်ဖြူနဲ့ အခေါ်ကောင်းရင်း
ရိပေါ်ပါ ဝင်နှောက်လို့
မုန့်ဖြူ ဘဝ ရောက်သွားရရှာသူလည်း
ဖြစ်တယ်..။မုန့်ဖြူက သူ့မုတ်ဆိတ်ဖြူတွေကို
ပွတ်ကာ ဆွဲကာနဲ့ ကြယ်လေးကို
တတွတ်တွတ် ထပ်ပြောတယ်..။ကြယ်လေးကလည်း
သူ့ရဲ့ ချာချာလည် ကုတ်ဝဲကေကို
မူးနေအောင် ခါရင်း
ကတ်ကတ်လန် ပြန်ပြောပါတယ်..။ကြောင်ကို တွေ့တော့ ကြယ်လေးက
ဆီးလို့တိုင်တယ်..။"ကြောင်သိလား..မုန့်ဖြူ ငါ့ကို
လိမ်နေတယ်.."သူတို့လမ်းမှာ
သူရဲကောင်းလေးယောက်ဂိုဏ်း
ရှိပါတယ်..။ကြယ်လေးရယ်
မုန့်ဖြူရယ်
ကြောင်ရယ်
ပြီးတော့..ရိပေါ်ရယ်..။
