"ဂျွန်ဂျောင်ကု!!!”
လက်ထဲရှိ စာရွက်အလှလေးတစ်ရွက်အား ဂျောင်ကုကိုပြစ်ပေးလိုက်တော့ သကောင့်သားကမထီတထီရုပ်နဲ့မော့ကြည့်လာသည်.......
"ဒါဘာလုပ်တာလဲ ဂျွန်ဂျောင်ကု”
စိတ်ကိုအတတ်နိုင်ဆုံးလျော့ထားပြီး သူခပ်အေးအေးမေးမိသည်......
"ရည်းစားစာလေ”
နူတ်ခမ်းပါးနုနုထက်ထွက်ကျလာသော စကားလုံးကြောင့်သူ့စိတ်ကိုမနည်းပင်ထိန်းထားရသည်......
"မင်း မင်ဒါက ငါချစ်ရတဲ့သူမှန်းသိရကိသားနဲ့ သက်သက်မဲ့လုပ်တာမလား”
"ထင်တဲ့အတိုင်းပဲ”
မထိန်းနိုင်တော့သောဒေါသအစုံကို သကောင့်သားမျက်နှာထက်ကိုဦးတည်လိုကိတော့သည်.....
ခွပ် ခွပ် ခွပ်
သူတစ်ပြန်ကိုယ်တစ်ပြန်ထိုးနေသော ရန်ပွဲကြားမည်သူမျှဝင်မဆွဲရဲ......ထိုနှစ်ဦးသည်ကျောင်းရဲ့လူမိုက်စာရင်းဝင်ပြိုင်စံရှားနှစ်ယောက်.......
"မင်းမှာငါ့ကိုတားရအောင် သူနဲ့မင်းနဲ့ကဘာဆိုင်လို့လဲ ဟမ် တကယ်လို့ ဆိုင်နေရင်တောင် ငါကဂရုမစိုက်ဘူး ကမ်ထယ်ယောင်း”
စကားပြောနေသော်လည်းထိုးနေသောလက်တို့သည် ရပ်တန့်မသွား......ဘေးနားမှာဝိုင်းနေသည့် ကျောင်းသူကျောင်းသားများကတော့ လက်ဝှေ့ပဲကြည့်နေကြသလိုပင် ဂျောင်ကုဘက်ကအားပေးသူများရှိသလို ထယ်ယောင်းဘက်ကအားပေးသူလည်းရှိနေသည်.....
"မင်းစောက်ပါးစပ်ကို ငါကိုယ်တိုင် ပိတ်ပေးမှထင်တယ် ဂျွန်ဂျောင်ကု”
ထယ်ယောင်းစကားဆုံးသည်နှင့် လက်သီးများကဂျောင်ကုရဲ့နူတ်ခမ်းပါးထက်ဦးတည်သည်......ဂျောင်ကုသည်လည်းခေသူမဟုတ် ထယ်ယောင်းဗိုက်ကိုခြေထောက်နဲ့ဆောင့်ကန်ပြီး အပေါ်မှာတက်အုပ်ကာ မျက်နှာပြင်ထက် ပြင်းထန်သော လက်သီးများနှင့်ထိတွေ့စေသည်.....
"ရပ်လိုက်ကြပါတော့”
လူအုပ်ကြားထဲမှ ထိုးထွက်လာသော မင်ဒါကြောင့် ဂျောင်ကုလက်သီးတို့လေပေါ်မှာတင်ရပ်တန့်သွားလေ သည်.....နှစ်ယောက်လုံးရဲ့မျကိနှာထက်မှာတော့မြင်မကောင်းလောက်အောင် ဖူးယောင်နေပြီ.....အဖြူရောင် ကျောင်းအကျီတွေပင် ချွေးတွေကြောင့်လား မြေကြီးကြောင့်လားမသိ ညစ်ကြေးကြေးအရောင်ဘကိသို့ပြောင်းစပြုနေပြီ.....
YOU ARE READING
𝐀𝐝𝐯𝐞𝐫𝐬𝐚𝐫𝐲 𝐋𝐨𝐯𝐞(𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞)
FanfictionUnicode + Zawgyi 𝕚 𝕙𝕒𝕥𝕖 𝕥𝕙𝕖 𝕓𝕖𝕘𝕚𝕟𝕟𝕚𝕟𝕘 𝕠𝕗 𝕞𝕚𝕤𝕥𝕒𝕜𝕖 𝕓𝕦𝕥 𝕚 𝕝𝕚𝕜𝕖 𝕥𝕙𝕒𝕥 𝕞𝕚𝕤𝕥𝕒𝕜𝕖 #ᴊᴇᴏɴ ᴊᴜɴɢᴋᴏᴏᴋ #ᴋɪᴍ ᴛᴀᴇʜʏᴜɴɢ