9

5.7K 665 7
                                    

မှန်တွေနှင့်ကာရံထားသောအထပ်မြင့်မြင့်အဆောက်အအုံတွေက မည်မျှခန့်ညားထည်ဝါကြောင်း သိသာထင်ရှားလှသည်.....

"ဂျွန်ဂျောင်ကု မင်းငါ့ကိုဘယ်ခေါ်လာတာလဲ”

နှစ်ရက်လောက်နားပြီးချိန်မှာသူခြေထောက်သညိပျောက်ကင်းသလောက်ပင်ဖြစ်နေသည်.....ထိူအချိန်မှာပင် အကတိုက်ဖို့လာခေါ်သောဂျွန်ဂျောင်ကုကြောင့် လိုက်ခဲ့သော်လည်း ဒီတစ်ခါကဘယ်ကိုခေါ်လာမှနိးမသိ......

"တိုးတိုးနေ  ဒီမှာငါ့အစ်ကိုဝမ်းကွဲရှိတယ် သူကအကတွေနဲ့ပက်သက်ပြီးသိလောက်တယ် ငါတို့ကိုသင်ပေးလို့ရတာပေါ့”

ဂျောင်ကုစကားကြောင့် သူပျော်သွားသော်လည်း ဆရာမက ကိုယ့်အစွမ်းအစနဲ့ကိုယ်လေ့ကျင့်လို့​ပြောထားသည်မလား.....

"မဖြစ်ဘူး ဂျွန်ဂျောင်ကု Samငါတို့ကိုပြောထားတာမှတ်မိလား”

"အွန်းမှတ်မိတယ်”

"ငါတို့ဘာသာ လေ့ကျင့်ရအောင်ကွာ ပြီးတော့အဲ့ထဲကိုလည်းငါမဝင်ချင်ဘူး”

အ​ဆောက်အအုံကြီးကိုလက်ညိုးထိုးပြကာ ပြောလာသောထယ်ယောင်းကြောင့် ဂျောင်ကုခေါင်းညိတ်ပြီးသာလက်ခံလိုက်ရသည်.....

"ဒီတစ်ခါငါမောင်းမယ်”

ကားထဲကိုဦးစွာဝင်သွားသော ထယ်ယောင်းကြောင့်ဂျောင်ကုလည်းဘာမှပြောမနေတော့ဘဲ အလိုက်သင့်လေးသာလိုက်ပါလာခဲ့သည်......တစ်နာရီကျော်ကားမောင်းပြီးနောက် ရောက်ရှိလာသော ခြံကျယ်ကျယ်နှင့်နေရာတစ်ခု.....

"ဒီနေရာက”

ရှေ့တွင်ပန်းပင်တွေနဲ့ပိတ်လွှမ်းထားသောနေရာကိုကြည့်ပြီးဂျောင်ကုစကားဆိုမိသည်.....ဒီအနီးအနားတွင်လည်းတိတ်ဆိတ်ခြောက်ကပ်နေပြီး အိမ်တွေနှင့်တူသည့်အရိပ်အယောင်အနည်းငယ်မျှသာရှိသည်......

"လိုက်ခဲ့စမ်းပါ”

စကားတစ်ခွန်းဆိုလိုက်ပြီးထယ်ယောင်းရှေ့ကနေထိုပန်းပင်တွေကြားထဲကိုဝင်လိုက်သည်.....နောက်ကနေ မယုံသက်ာမျက်ဝန်းတို့နှင့်လိုက်ပါလာသော ဂျောင်ကုကြောင့် ထယ်ယောင်း တိတ်တဆိတ်ပြုံးလိုကိမိသည်.....

𝐀𝐝𝐯𝐞𝐫𝐬𝐚𝐫𝐲 𝐋𝐨𝐯𝐞(𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞)Where stories live. Discover now