"ဂျွန်လေး"
"ဗျာ"
သူခေါ်လိုက်သောအသံကြောင့် ပြန်ထူးလာပုံကချစ်ဖို့ကောင်းလွန်းလှသည်။
"မင်းငါ့ကိုဘယ်ထဲကချစ်နေတာလဲ"
ဂျောင်ကုရင်ခွင်ထဲမှီကာ စကားဆိုတော့ ခပ်ရေးရေးအပြုံးလေးကိုတွေ့လိုက်ရသေးသည်။
"အွန်း ဟိုးးးးးငယ်ငယ်တည်းက"
အမူအရာပါလုပ်ပြနေသောဂျောင်ကုကြောင့် သူနှစ်နှစ်ခြိုက်ခြိုက်ပင်ပြုံးလိုက်မိသည်။
"မင်းကလေ အဲ့တာကို စတွေ့ထဲက အမြင်မကြည်သလိုနေသေးတယ်"
သူ့စကားဆုံးတော့ မှိုင်တွေသွားသောမျက်နှာလေးကြောင့် စိတ်မကောင်းဖြစ်မိရသည်။
"hyung လည်းစတွေ့ထဲက ကျွန်တော်ကိုအမြင်မကြည်ဘူးမလား"
ထိုစကားသည်မှန်နေသည်ကြောင့် ငြိမ်သက်စွာသာနေနေရသည်။ကိုယ့်အဖေရဲ့နောက်မိန်းမဘက်ကပါလာမယ့်သားကို ဘယ်သူကရော လိုလိုလားလားဆက်ဆံနိုင်မည်နည်း။
"မှန်နေတာပဲမလား"
ခေါင်းညိမ့်ပြီးအဖြေပြန်ပေးတော့ ဂျောင်ကုဆီကဝဲတက်လာတဲ့မျက်ရည်စများကိုတွေ့လိုက်ရသည်။
"ဂျွန် အရင်ကကိစ္စတွေပြန်တွေးမနေနဲ့ ဖြစ်ပြီးသွားတာတွေကပြီးသွားတဲ့ကိစ္စတွေပဲ အခု ငါကဂျွန်ကိုချစ်တယ်လေ"
ထပ်ခါထပ်ခါခေါင်းညိတ်ပြလာသော ဂျောင်ကုကြောင့်သူပြုံးမိသည်။ဂျောင်ကုက အခုလိုလည်းကလေးဆန်သေးသည်လေ။
"ထယ် ကိုယ်တို့ပြန်ရအောင် စောင့်နေလောက်ပြီ"
သူတို့နားနေတဲ့နေရာကနေထွက်လာခဲ့တာအခုဆိုအချိန်ပင်တော်တော်ကြာနေသောကြောင့် ဂျောင်ကုပြောလာသည်။သို့သော် သူမပြန်ချင်သေးပေ။
"ငါမပြန်ချင်သေးဘူး ဂျွန်"
မျက်နှာလေးကိုဆူပုပ်ကာ ပြောမိတော့ ဂျောင်ကုရီနေသည်။ယုန်သွားလေးတွေအထိပေါ်နေအောင်ကိုရီနေသည်။
"ဘာရီတာလဲ"
ဆူပုပ်ပုပ်ထပ်မေးတော့ ဂျောင်ကုထပ်မရီတော့။
YOU ARE READING
𝐀𝐝𝐯𝐞𝐫𝐬𝐚𝐫𝐲 𝐋𝐨𝐯𝐞(𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞)
FanfictionUnicode + Zawgyi 𝕚 𝕙𝕒𝕥𝕖 𝕥𝕙𝕖 𝕓𝕖𝕘𝕚𝕟𝕟𝕚𝕟𝕘 𝕠𝕗 𝕞𝕚𝕤𝕥𝕒𝕜𝕖 𝕓𝕦𝕥 𝕚 𝕝𝕚𝕜𝕖 𝕥𝕙𝕒𝕥 𝕞𝕚𝕤𝕥𝕒𝕜𝕖 #ᴊᴇᴏɴ ᴊᴜɴɢᴋᴏᴏᴋ #ᴋɪᴍ ᴛᴀᴇʜʏᴜɴɢ