တစ်ပတ်ကျော်အချိန်ကုန်ဆုံးပြီးနောက် ကျောင်းရဲ့နှစ်ပတ်လည်ပွဲနေ့ကိုရောက်လာခဲ့သည်.....ဝင်လိုက်ထွက်လိုက်နှင့်အလုပ်ရှုပ်နေသော များပြားလှတဲ့လူအုပ်ကြီးကြောင့် ထယ်ယောင်းသက်ပြင်းငွေ့ငွေ့ချလိုက်မိသည်.....
"အဆင်ပြေရဲ့လား"
ဘေးနားကလာထိုင်ကာမေးလာသောဂျောင်ကုကြောင့်ထယ်ယောင်းခေါင်းသာငြိမ့်ပြလိုကိသည်.....တစ်ပတ်အတွင်းမှာသူတို့မနည်းပင်အဆင်ပြေလာကြပါပြီ.....လုံးဝအဆင်ပြေသည်တော့မဟုတ်သေး.....
"ထယ်ယောင်း!!!!!"
အော်သံနှင့်အတူဖျော်ဖြေရေးစင်နောက်ကိုဝင်ရောက်လာသော ဂျီမင်နဲ့ဟိုဆော့....
"ေဟျာင့် အဆင်သင့်ပဲမလား"
ဂျီမင်အမေးကိုပြုံးပြုံးရွှင်ရွှင်သာခေါင်းညိတ်ပြလိုက်သည်....စိတ်လှုပ်ရှားနေတာတော့မှန်ပေမယ့် သူမကြောက်မိပါပေ....
"ဒါနဲ့ နမ်ဂျွန်းhyungတို့ရော"
"အပြင်မှာစောင့်နေတယ်"
ဂျီမင်စကားကြောင့်သူသွားတန်းလေးတွေပေါ်သည်အထိပြုံးပြလိုကိသည်....
"Fighting ထယ်ယောင်းမင်းNoonaလည်းအပြင်မှာစောင့်နေတယ်"
အပြင်ပြန်ထွက်ခံနီးပြောသွားသောဂျီမင်စကားကြောင့်သူခေါင်းသာညိတ်ပြလိုက်သည်....Noonaနဲ့ဂျီမင်နဲ့ကမရင်းနှီးပေမယ့် တစ်ရက်Noonaနဲ့ချိမ်းကာ ဂျီမင်ကိုရော Hyungတွေအကုန်လုံးနဲ့မိတ်ဆက်ပေးထားသည်ပင်.....
"ထယ်ယောင်းသွားပြီနော် Fighting"
ဂျောင်ကုနဲ့စကားပြောနေသောဟိုဆော့က ထယ်ယောင်းအားစကားတစ်ခွန်းပြောကာ ထိုနေရာမှ ထွက်သွားခဲ့သည်.....
"10နာရီတောင်ရှိနေပြီ"
နာရီကိုတစ်ချကိကြည့်ကာ ေပြာလိုက်တော့ဂျောင်ကုကတစ်ချကိကြည့်လာသည်.....
"ဂျွန်ဂျောင်ကု"
သူ့နာမည်ခေါ်သံကြောင့် ပြန်မထူးဘဲ ဘာလဲဆိုသည့်သဘောဖြင့်မျက်နှာအမူအရာလုပ်ပြသည်....
"ပွဲကဘယ်ချိန်စမှာလဲ"
"စနေပြီလေ"
မေးလိုက်တဲ့စကားတိုင်းအကန်တွေချည်းဖြေလာသောသကောင့်သားကိုကန်သာထုတိပြစ်လိုက်ချငိတယ်...သို့သော်သူ့စကားကမှန်နေတာကြောင့် ငြိမ်ငြိမ်သာနေလိုက်ရသည်....
YOU ARE READING
𝐀𝐝𝐯𝐞𝐫𝐬𝐚𝐫𝐲 𝐋𝐨𝐯𝐞(𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞)
FanfictionUnicode + Zawgyi 𝕚 𝕙𝕒𝕥𝕖 𝕥𝕙𝕖 𝕓𝕖𝕘𝕚𝕟𝕟𝕚𝕟𝕘 𝕠𝕗 𝕞𝕚𝕤𝕥𝕒𝕜𝕖 𝕓𝕦𝕥 𝕚 𝕝𝕚𝕜𝕖 𝕥𝕙𝕒𝕥 𝕞𝕚𝕤𝕥𝕒𝕜𝕖 #ᴊᴇᴏɴ ᴊᴜɴɢᴋᴏᴏᴋ #ᴋɪᴍ ᴛᴀᴇʜʏᴜɴɢ