11

5.6K 657 28
                                    

"ဟျောင့် မင်းကြည့်ရတာဒီနေ့တက်ကြွနေပါလား”

အချစ်ရဆုံးသောသူငယ်ချင်းကြီးရဲ့အမေးကို ဟီးခနဲတစ်ချက်ရီပြကာ မျက်နှာအား အပေါ်ကိုမော့လိုက်သည်.....

"ဟျောင့်ဘာဖြစ်နေတာလဲမင်းစိတ်ရောမှန်သေးရဲ့လား”

မျပ်နှာကြီးရှုံမဲ့ကာမေးလာသောဂျီမင်အား ခေါင်းကိုတစ်ချက်ပိတ်ရိုက်လိုက်သည်.....

"မနက်ဖြန်ဆိုကျောင်းပိတ်တယ်လေ”

"မင်းမပြောလည်းငါသိတယ်”

အကောင်းပြောမို့ကိုအကန်တွေပဲပြောနေသောဂျီမင်အား စိတ်မရှည်သောအကြည့်ဖြင့်ကြည့်လိုက်သည်.....

"ကျောင်းပိတ်တာနဲ့မင်းအခုဖြစ်နေတာကဘာဆိုင်လို့လဲ”

"ဆိုင်တယ် ကျောင်းပိတ်ရက်အပါအဝင် တစ်ပတ်လောက်ငါကျောင်းပျက်မှာ”

ထယ်ယောင်းစကားကြောင့် ဂျီမင်မျကိနှာကြီးနီရဲလာသည်....အဓိကအကြောင်းအရာကိုမပြောဘဲ ဆွဲဆန့်နေသောထယ်ယောင်းအား စိတ်မရှည်တော့ပါ.....သူ့ ယွန်းဂီပဲကောင်းတယ် စကားပြောရင် တစ်ခွန်းတည်းနဲ့အပြတ်ပဲ....ခေါင်းစားစရာပင်မလို.....

"ရှင်းရှင်းပြော ထယ်ယောင်း”

"ဒီညငါတို့မိသားစုလိုက် New Yorkကိုသွားလည်ကြမှာ”

သူ့စကားကြောင့်ပျော်ရွှင်သွားသည်ကဂျီမင်....ဘာမှမဆိုင်သောဂျီမင်က သူ့ထက်မလျော့ရင်တောင်သူ့လောက်ပင်ပျော်ရွှင်နေသယောင်.....

"ဟျောင့် မင်းကဘာကိစ္စအဲ့လောက်ပျော်နေရတာလဲ”

သူ့စကားကြောင့် ပြုံးထွက်သွားသောမျကိနှာအမူအရာကထိန်းမရ....တစ်ခုခုတော့တစ်ခုခုပဲ.....

"မင်းကNew Yorkသွားမှာစိုးတော့ ပြန်လာရင်ငါ့ဖိူ့လက်ဆောင်ကောင်းကောင်းလေးတွေဝယ်လာခဲ့ကွာ တစ်ခုတည်းမရဘူး အများကြီး ပြီးတော့စျေးပေါတာတွေဆိုလည်းမယူဘူး အဓိကက ယွန်းဂီhyungဖို့ပါဝယ်လာပေးပါ”

သူများဆီကလက်​ဆောင်လည်းတောင်းသေးတယ် လေသံကိုကအထက်စီးက ပြီးတော့ သူ့အတွက်သာမက သူ့ရဲ့လူအတွက်ပါ ဝယ်လာပေးရအုံးမယ်တဲ့

𝐀𝐝𝐯𝐞𝐫𝐬𝐚𝐫𝐲 𝐋𝐨𝐯𝐞(𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞)Where stories live. Discover now