"ကင်မ်ထယ်ယောင်း”
ကျောင်းနောက်ဖေးပေါက်မှာ ဂျီမင်နဲ့မုန့်စားနေတုန်း ဒေါသတကြီးခေါ်သံကြောင့်သူလှည့်ကြည့်မိလိုက်သည်.....
"အော် ဂျိုးဝွန်း ဘာကိစ္စရှိလို့လဲ”
သူလုပ်ထားသည့်ကိစ္စပဲသူသိတာပေါ့....သို့သော်မသိချင်ယောင်ဆောင်ကာ သူခပ်မဲ့မဲ့မေးလိုက်သည်......
"မင်းလုပ်ထားတာမင်းသိမှာပေါ့ မသိချင်ယောင်ဆောင်မနေနဲ့”
အသားတို့တစ်ဆက်ဆက်တုန်နေသော
ဂျိုးဝွန်းပုံစံကိုကြည့်ချင်းအားဖြင့် မည်မျှဒေါသထွက်နေကြောင်းထင်ရှားလှသည်..."အာ sorryကွာ ငါလုပ်ထားတာတွေကများတော့ မမှတ်မိဘူးဖြစ်သွားတယ်”
ခပ်တည်တည်ပြောလိုက်တော့ ထယ်ယောင်းရဲ့ ကျောင်းအကျီကော်လံစကိုဆွဲဆုပ်လာသော ဂျိုးဝွန်း......ဘေးနားက
ဂျီမင်ကတော့ရန်ဖြစ်ရင်ချဖို့အတွက်ဘေးနားကတုတ်ကိုပါကောက်ဆွဲ ပြီးပြီ...."ငါမင်းကိုမကျေနပ်ဘူး ကင်မ်ထယ်ယောင်း တောက် မင်းကြောင့် ငါကျောင်းထုတ်ခံရတာ”
ဂျိုးဝွန်းစကားကြောင့် ထယ်ယောင်း နှုတ်ခမ်းပါးထက်မှာ ခပ်ရေးရေးအပြုံးလေးဖြစ်ထွန်းသွားသည်...
"အိုးးး ကျောင်းထုတ်ခံရတာလား မထင်ထားဘူးကွာ ငါက မင်းထောင်ပါကျမယ်ထင်နေတာ”
လည်ထွက်သွားသောမျက်နှာတစ်စုံအရ အထိုးခံလိုက်ရပြီကိုသိလိုက်ရသည်.....
ခွပ်
"ကင်မ်ထယ်ယောင်းဆိုတဲ့ ငါကို လာမစမ်းနဲ့ အေး မင်းတစ်သက်လုံးထောင်နန်းစံသွားအောင် လုပ်ပစ်လိုက်လို့ရတယ်”
နောက်ဆုံးတစ်ချက် ပိတ်ထိုးပြီး ဂျီမင်အားဆွဲခေါ်ကာ ထိုနေရာမှထွက်လာခဲ့သည်....
"ထယ်ယောင်း အဲ့အကြောင်းရှင်းပြအုံး”
အတန်းထဲပြန်ရောက်တော့မှ ဂျီမင်ကစကားစသည်.....
"အွန်း သူကမူးယစ်ဆေးတွေသုံးနေတာလေ သုံးတာကလည်းကျောင်းဝန်းထဲမှာ အဲ့တာကြောင့် ငါကဆရာတွေနဲ့သွားတိုင်လိုက်တာ”
YOU ARE READING
𝐀𝐝𝐯𝐞𝐫𝐬𝐚𝐫𝐲 𝐋𝐨𝐯𝐞(𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞)
FanfictionUnicode + Zawgyi 𝕚 𝕙𝕒𝕥𝕖 𝕥𝕙𝕖 𝕓𝕖𝕘𝕚𝕟𝕟𝕚𝕟𝕘 𝕠𝕗 𝕞𝕚𝕤𝕥𝕒𝕜𝕖 𝕓𝕦𝕥 𝕚 𝕝𝕚𝕜𝕖 𝕥𝕙𝕒𝕥 𝕞𝕚𝕤𝕥𝕒𝕜𝕖 #ᴊᴇᴏɴ ᴊᴜɴɢᴋᴏᴏᴋ #ᴋɪᴍ ᴛᴀᴇʜʏᴜɴɢ