16

6.1K 651 31
                                    

"ဂျောင်ကုကီ”

သူ့ခေါ်သံကြောင့်ထင် အံသြတကြီးမော့ကြည့်လာသော ဂျောင်ကု။မင်းကမစတော့ ငါကစရတော့မှာဂျောင်ကုရေ။

"ဘယ်လိုခေါ်လိုက်တယ် ကင်မ်ထယ်ယောင်း”

"ဂျောင်ကုကီလို့ခေါ်တာလဲ မင်းနဲ့လိုက်တယ် ချစ်စရာလေး”

ရုတ်တရပ်နဖူးကိုလာစမ်းသော ဂျောင်ကုကြောင့် သူပင်ကြောင်တောင်တောင်ဖြစ်သွားရသည်။

"ဘာလုပ်တာလဲ”

"နေကောင်းရဲ့လားလို့စမ်းတာ ဒါမှမဟုတ် နည်းနည်းလွတ်သွားတာလား”

လက်ညိုးတစ်ချောင်းကိုသုံးပြီး ဦးခေါင်းကိုဝှေ့ပြနေသောဂျောင်ကု။ဘယ်တော့မှအချိုးမပြေ ချစ်ရတဲ့သူမို့တာတော်တော့သည်။ဒီလိုလူမျိုးကို သူလည်းဘယ်လိုချစ်မိသွားလည်းမသိ။ထားပါတော့ ဒီကသူတော်ကောင်းလေးကပဲ သည်းခံလိုက်ပါ့မယ်။

"ကျောင်းတူတူသွားရအောင်”

ဒီနေ့ကမနက်3နာရီခွဲထဲကထရသည်။ဆောင်းတွင်းဖြစ်တာကြောင့် အေးအေးလေးနှင့်အိပ်ကောင်းသော်လည်းမထချင်ဘဲထလိုက်ရသည်။ ခရီးထွက်ရန်5နာရီကျောင်းကိုအရောက်သွားရမည်ဖြစ်သောကြောင့်။ခရီးတွင်လိုက်ပါမည့်သူအကုန်လုံးကိုကျောင်းမှာသာစုံစေသည်။

"မင်းဘာသာမင်းသွားပါလား”

"အခုမှအစောကြီးရှိသေးတယ် အပြင်ကိုလည်းကြည့်အုံးအလင်းရောင်တောင်မရှိသေးဘူး ငါတစ်ယောက်တည်းမသွားရဲဘူး”

လိမ်ညာပြီးပြောလိုက်တော့ဂျောင်ကုငြိမ်သက်သွားသည်။ဒီလောက်လေးကိုသူမကြောက်ပါ ည11နာရီ12နာရီတောင်တစ်ယောက်တည်းလျှောက်သွားနေတတ်သေးတာပဲ။အော် ငါ့မှာလည်း ချစ်ရတဲ့လူရှိလာမှ လူလိမ်ကြီးကိုကျလို့။

"လာသွားမယ်”

ပြုံးပြလိုက်တော့ခေါင်းတစ်ချက်ခါပြီး ရှေ့ကအရင်ထွက်သွားသည်။ဂျောင်ကုမျက်နှာထက်မှာလည်းအပြုံးလေးတစ်ပွင့်ချိတ်ဆွဲလျက်။

......
"ဟိုဆော့ တောဆိုတော့မြွေတွေဘာတွေရှိမှာပဲမကြောက်ဘူးလား”

𝐀𝐝𝐯𝐞𝐫𝐬𝐚𝐫𝐲 𝐋𝐨𝐯𝐞(𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞)Where stories live. Discover now