20

5.6K 609 28
                                    

"ဂျွန် ထတော့ ငါတို့ကျောင်းသွားရအုံးမယ်"

ဘေးနားကတောက်လျှောက်နိုးနေသော်လည်း ချစ်ရသောလူက မထတဲ့အပြင်ကျောခိုင်းပြီးတောင်အိပ်သွားသေးသည်။

"ဂျွန် ထတော့လို့ "

မရှည်သောစိတ်ကိုဆွဲဆန့်ကာ မနည်းပင်နိုးနေရသည်။လေ့လာရေးခရီးက‌ေန အိမ်ပြန်ရောက်ထဲက သူသည်‌ေဂျာင်ကုအားအလိုလိုက်ထားသည်။ဒါကြောင့်ပင် ဂျောင်ကုကလည်းအရင်ကထက်ပိုချွဲတက်လာသည်။

"ဂျွန် မထရင် ငါသွားပြီနော်"

ထိုလူသားအားထားခဲ့ကာ ထွက်သွားရန်ပြင်တော့မှ လက်ကိုအတင်းဆွဲထားသည်။ဒီလိုပြောမှထမှန်းသိရင် အစထဲကဒီလိုပဲပြောလိုက်ပါတယ်။

"ထယ်ကလည်း ခဏလေး"

အိပ်ချင်မူးတူးထထိုင်ကာ ပြောနေသော ဂျောင်ကုအားသူနှုတ်ခမ်းပါးထက်အပြုံးရေးရေးတို့ဖြစ်ထွန်းပြန်သည်။

"မရဘူး ထတော့"

လေးလံလှသောထိုခန္ဓာကိုယ်ကြီးအားအတင်းဆွဲကာ ရေချိုးခန်းထဲထည့်လိုက်သည်။ဂျောင်ကုအမေပြောပုံအရ ဂျောင်ကုကသူအိပ်နေချိန်အတွင်းဘယ်သူမှနိုးမရဘူးတဲ့။ပြီးတော့ အဲ့လိုလာနိုးရင်လည်း ဂျောင်ကုနဲ့တစ်နည်းမဟုတ်တစ်နည်းရန်ဖြစ်ရသည်ပင်။

"ဂျွန် မြန်မြန်လုပ်နော် အောက်မှာစောင့်နေမယ်"

"အွန်း ထယ်"

ရေကျသံကြားတော့မှ ဂျောင်ကုအခန်းထဲကထွက်ကာ မီးဖိုချောင်ထဲသို့သာဦးတည်လိုက်သည်။အရင်ကလိုမဟုတ်တော့သောသူတို့နှစ်ယောက်ပုံစံကိုကြည့်ပြီးအမေကတော့ ထူးခြားသလိုမျက်လုံးများဖြင့်ကြည့်လာသည်။အဖေကတော့ အရင်ထဲကတည့်စေချင်သောကြောင့် တပြုံးပြုံးဖြင့်သာ။

"သား ထယ်ယောင်းတောင်လာ‌ပြီ အမေ ဂျောင်ကုကိုသွားနိုးလိုက်အုံးမယ်"

ပေါင်မုန့်မီးကင်ဖြင့်အလုပ်ရှုပ်နေသောဂျောင်ကုအမေကသူ့ကိုမြင်တော့ ချိုသာစွာဖြင့်စကားစလာသည်။

"ရတယ် အမေ ကျွန်တော်နိုးခဲ့ပြီးပြီ"

သူ့စကားကြောင့် လှည့်ကြည့်ကာ ပြုံးပြလာသောကြောင့်ဂျောင်ကုအမေကြောင့် သူလည်းခပ်ပြုံးပြုံးသာပြုံးပြရတော့သည်။

𝐀𝐝𝐯𝐞𝐫𝐬𝐚𝐫𝐲 𝐋𝐨𝐯𝐞(𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞)Where stories live. Discover now