4

6.4K 711 49
                                    

Sweaterအကျီအဖြူအားဝတ်ဆင်ကာ အပြင်သို့ထွက်လာခဲ့သည်....အချိန်အားဖြင့် ည10နာရီလောက်ရှိပြီဖြစ်သောကြောင့် လူအရိပ်အယောင်ပင်သိပ်မတွေ့ရတော့.....တစ်နေ့တာအတွင်းတာဝန်တွေကိုထမ်း​ဆောင်ထားတာကြောင့် အခုချိန်က အနားယူနေကြတာဖြစ်လောက်မည်.....

🅦🅔 🅐🅡🅔 🅑🅤🅛🅛🅔🅣🅟🅡🅞🅞🅕

ဆိုင်နာမည်လေးအားတစ်ချက်ကြည့်ကာပြုံးလိုက်မိသည်......

ကလင် ကလင်

ဆိုင်အတွင်းထဲသို့ဝင်ရန် ခေါင်းလောင်းအားတီးလိုက်တော့ ထွက်ကြိုလာသော ဆော့ဂျင်hyung.....ဆော့ဂျင်hyungရဲ့ဆိုင်လေးကထူးခြားသည်ဟုပြောရမည် ထိုခေါင်းလောင်းလေးမတီးရင်ဆိုင်ထဲသို့ပေးမဝင်သလို ဆိုင်ဖွင့်ချိန်သည်လည်း တစ်ပတ်မှာနှစ်ရက် ည9နာရီလောက်ကနေ11နာရီလောက်ထိသာဖွင့်သည်.....

"ထယ်ယောင်း လာလာ ေသာက်နေကျပဲမလား ဘာစားအုံးမလဲ”

ဖော်ရွေစွာပြောလာသောဆော့ဂျင်hyungသည်တကယ်တော့နာမည်ကြီး MS companyပိုင်ရှင်ရဲ့သားတစ်ယောက်ပင်.....ဝါသနာအရသာ ထိုဆိုင်လေးဖွင့်ထားခြင်းဖြစ်ပြီး ဆော့ဂျင်hyungမိဘတွေကတော့ သဘောမကျသော်လည်း ပြောမနိုင်လို့လွှတ်ထားခြင်းပင်....

"မစားတော့ဘူးhyung”

"အွန်း ခဏစောင့်အုံးနော် hyung သွားယူပေးမယ်”

ဆိုင်ရဲ့အလုပ်သမားတစ်ချို့ရှိနေသော်လည်း hyungသည် သူအတွက်ဆိုရင်တော့ ကိုယ်တိုင်လုပ်ပေးတတ်သည်.....

"ယွန်းဂီ hyung”

ဘေးဘီဝဲယာကိုကြည့်နေရင်းမှ ဆိုင်ထောင့်တစ်နေရာမှထိုင်နေသော ယွန်းဂီအားတွေ့ပြီးသူအလိုလိုပင်ပျော်သွားမိသလို.....ခြေလှမ်းတွေကိုလည်း ယွန်းဂီhyungရှိရာဝိုင်းသို့ဦးတည်လိုက်သည်....

"Hyung ဂျပန်ကနေပြန်လာပြီပေါ့”

မျက်ရည်တွေဝဲသည်အထိ သူပျော်နေမိသည်...ဟိုးသူငယ်ငယ်တည်းကထွက်ခွာသွားသော ယွန်းဂီကို သူအမြဲစောင့်မျှော်နေခဲ့သည်....သူ့၏အမေဖြစ်သူဆုံးသွားတုန်းကစိတ်ပင်ပန်းနေချိန် ယွန်းဂီhyungသည်သူ့အတွက် စိတ်ပင်ပန်းမှုတွေပေ​ျာက်ကင်းသွားအောင်ထိလုပ်ပေးခဲ့သည်......

𝐀𝐝𝐯𝐞𝐫𝐬𝐚𝐫𝐲 𝐋𝐨𝐯𝐞(𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞)Where stories live. Discover now