8

5.6K 668 20
                                    

ထော့နဲ့ထော့နဲ့နဲ့ကျောင်းဝန်းထဲဝင်လာသော ထယ်ယောင်းကို ကျောင်းသားကျောင်းသူများက မသိမသာကြည့်သွားကြသည်....ပေါ်တင်လည်းမကြည့်ရဲကြ တော်ကြာနေ ဘာကြည့်တာလဲဆိုပြီး ဆွဲထိုးနေမှ ဘာမဆိုင် ညာမဆိုင်နဲ့ ကြားထဲကနေအထိုးခံရအုံးမည်......

"လာ လာ ထယ်ယောင်း”

ကျောင်းဝန်းထဲ ရောက်တော့မှ အပြေးလာတွဲသော ဂျီမင်.....အရင်နေ့တွေကဆိုရင် အိမ်ကိုအရင်လာခေါ်ပြီးမှ ကျောင်းကိုတူတူသွားတဲ့ဂျီမင်က ဒီနေ့မှ ယွန်းဂီhyungက သူ့ကိုလိုက်ပို့မှာမို့ မင်းဘာသာမင်းလာခဲ့တဲ့.....တော်တော် ချစ်ဖို့ကောင်းလိုက်တဲ့သူငယ်ချင်း....

"ထယ်ယောင်း မင်းမျက်နှာကြီးက ကွာအဲ့လိုမနေပါနဲ့”

ဂျီမင်ပြောသောစကားအားထယ်ယောင်းလျစ်လျူရှုပြီးသာနေလိုက်သည်....ဒီလောက်တော့ ချော့သင့်တယ်မလား.....

"ထယ်ယောင်း မင်းကလည်း ကန်တင်းမှာ မင်းကြိုက်တဲ့မုန့်တွေ အဝ ဝယ်ကျွေးမယ်ကွာ”

သူ့ကို ကလေးတစ်ယောက်ကိုမုန့်ပေးချော့နေသော ဂျီမင်ကြောင့် မသိမသာပြုံးလိုက်မိသည်.....

"ကန်တင်းသွားမှာမလား လာ”

ပြောလိုက်တော့မှာ ပြုံးထွက်သွားသောမျက်နှာနှင့်သူ့အားတွဲကာ ကန်တင်းဆီသို့ထွက်လာခဲ့သည်....ကန်တင်းရောက်တော့ ကန်တင်းမှာထိုင်နေကြသောလူတွေအားလုံရဲ့အကြည့်က ထယ်ယောင်းဆီသို့ကျရောကိလာသည်.....ဂျွန်ဂျောင်ကုကတော့ တစ်ချက်သာကြည့်ပြီး ခေါင်းပြန်ငုံသွားသည်.....

"ထယ်ယောင်း ဂျီမင် ဒီမှာလာထိုင်လေ”

ဟိုဆော့အပြင် မင်ဒါပါ လှမ်းခေါ်နေတာ​ကြောင့်အားနာလှသည်....သို့သော် ဂျောင်ကုရှိနေသောကြောင့်လည်းသူမထိုင်ချင်ပေ....

"လာထိုင်ပါ ထယ်ယောင်းရဲ့ ငါတို့ကမင်းကိုကိုက်မစားပါဘူး”

ခပ်နောက်နောက်ပြောလာသောဟိုဆော့စကားကို ဂျီမင်ကပါ ထောက်ခံနေတာကြောင့် နောက်ဆုံးသူပါဝင်ထိုင်လိုက်ရသည်.....

"ထယ်ယောင်း ငါ မင်းအတွက်မုန့်သွားယူပေးမယ် မင်းထိုင်စောင့်နေ”

𝐀𝐝𝐯𝐞𝐫𝐬𝐚𝐫𝐲 𝐋𝐨𝐯𝐞(𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞)Where stories live. Discover now