*လမ်းခွဲရအောင်*
တစ်လတိတိ အဆက်အသွယ် ဖြတ်သွားသော ချစ်ရသူ...
*ပြောစရာစကားရှိတယ် တွေ့ကြရအောင်* ဆိုတဲ့ စကားကြောင့် အရေးကြီးတဲ့ အစည်းအဝေးကို ဖျက်ပြီး ထွက်လာခဲ့တဲ့ ကျွန်တော်... ဒီရောက်တော့ အမောတောင် မပြေသေး ကြားလိုက်ရတဲ့ စကားက ဆောက်နဲ့ ထွင်းသလို.....*ဘာ...ဘာလို့လဲ*
*မင်းနဲ့ တွဲရတာ ပျင်းသွားပြီ လန်ဟွမ့်။ ပြီးတော့ ငါ လက်ထပ်တော့မယ်။*
မျက်နှာတစ်ချက်မပျက်ဘဲ သူပြောထွက်ခဲ့တယ်။ သူ့အတွက် အရာရာမှာ ပေးဆပ်ခဲ့တာတွေက အကုန်သဲထဲရေသွန် ဖြစ်သွားတာလား။ ဘာဘဲဖြစ်ဖြစ်ပါ သူပျော်နေရင်ကို ကျွန်တော်က ကျေနပ်နေသူပါ။
*အားချန် သဘောပါ။ ကိုယ် လမ်းခွဲပေးပါမယ်။ အားချန် တစ်ခုသိထားပေးနော် တစ်နေ့နေ့ အားချန် ပြန်လာချင်တယ်ဆို ကိုယ့်ရင်ခွင်တံခါး က အမြဲတမ်း ဖွင့်ထားမှာ*
*မလိုဘူး။ ဘာလို့ဆို ကျွန်တော်က ၀မ်ချင်နဲ့ ပျော်ပျော်ရွှင်ရွှင်နေသွားမှာမို့။ ရော့ လက်စွပ်။ ခင်ဗျားဘာသာ လုပ်ချင်တာ လုပ်လိုက်။ *
ဆင်တူ လက်စွပ်လေးကို စားပွဲခုံပေါ်တင်ကာ မိမိဘက် တစ်ချက်တောင် စောင်းငဲ့မကြည့်ဘဲ ထွက်သွားတဲ့ ချစ်သူ။
*မင်းရွေးချယ်ခဲ့တဲ့ လမ်း သာယာဖြောင့်ဖြူးပါစေ။*
အမှန်တိုင်းပြောရရင် ကျန်းဝမ်ရင် ဆိုတဲ့ ကောင်လေးက ကျွန်တော့်ကို လုံးဝ မချစ်ခဲ့။ ဦးလေး၊ ၀မ့်ကျီး နဲ့ သူငယ်ချင်းတွေ တားတဲ့ကြားထဲကနေ သူ့ကို ချစ်ခဲ့မိတဲ့ ကျွန်တော်၊ သူ့ကို ချစ်လို့ ကျွန်တော်နောင်တမရပါဘူး။ သူ့ကြောင့် ကျွန်တော် ပျော်ရွှင်ခဲ့ရတယ်။ သူဟာ ကျွန်တော့် ဘ၀ကို လိုသလို ခြယ်လှယ်နိုင်တဲ့ ကဝေလေး!!
#############################မီးပွိုင့်မိနေတုန်း ဘာရယ် မဟုတ် ဘေးဘီဝဲယာကို လှမ်းကြည့်မိတော့ လူသွားလမ်းမှာ ပြုံးပျော်နေတဲ့ ကျွန်တော့် ချစ်ရသူ။ ၀မ်းချင် ရဲ့ လက်ကို တွဲပြီး ပြုံးပျော်နေတာ လောကကြီးတစ်ခုလုံးကို အပိုင်စား ရထားသလိုဘဲ။ သူလေး ပျော်နေရင်ကို ကျွန်တော် ကျေနပ်ပါတယ်။
YOU ARE READING
သူရဲ့အချစ် /သူရဲ့အခဈြ {Zawgyi & Uni} [ Completed]
FanfictionStarted - 19.11.202{Thu} Ended - 6.2.2021 {Sat} လန်ဟွမ့် (ရှီးချန်) မင်း အရမ်းရက်စက်တယ် အားချန်ရာ။ မင်း မရှိရင် ကိုယ်ဘယ်လို အသက်ဆက်ရှင်ရမှာလဲ။ ကိုယ် ဘက်ကို ကျတော့ မင်းအတွေးပေးဘူး။ ကျန်ရစ်ခဲ့သူ နဲ့ ထွက်သွားခဲ့သူမှာ ကျန်ရစ်ခဲ့သူက ပိုပြီး နာကျင်ရတယ်။ မ...