Unicode
Sehunမျက်လုံးတွေဖွင့်ဖွင့်ချင်းအကျင့်ပါနေကျလက်တစ်ဖက်ကဘေးဘက်ဆီမှအနွေးဓာတ်ကိုလိုက်စမ်းနေမိလျက်သား
သို့သော်ခါတိုင်းလိုထိတွေ့ခံစားမိသောခါးသိမ်သိမ်လေးဆီမှနွေးထွေးမှုလေးတစ်ဖျကိုမရဘဲအေးစက်စက်စောင်ရဲ့အတွေ့ကိုသာရမိတာကြောင့်ရင်ထဲဟာခနဲဖြစ်သွားရ၏
ကိုကိုကထသွားပြီလား
အစောကြီးကိုလေ....
မကျေမနပ်တွေးမိပါရင်း
မှုန်ကုပ်ကုပ်မျက်နှာနဲ့အိပ်ရာမှထလိုက်ရတဲ့ဆယ်ဟွန်းမျက်နှာကနည်းနည်းလေးမှကြည်လင်မနေချေ။
အနည်းဆုံးတော့သူဒီနေ့မနက်ခင်းမှာကို့ကို့နဖူးလေးနမ်းရင်းနိုးထရမယ်ထင်ထားခဲ့တာကို
ဘာပဲပြောပြောဒီနေ့နိုးနိုးချင်းတွေ့ချင်မိတာကိုကိုမျက်နှာကိုကွာ...
ဆယ်ဟွန်း၏စိတ်အခြေအနေကနည်းနည်းလေးတော့မကောင်း
မျက်နှာသစ်သန့်ရှင်းပြီးသည်နှင့်
ပိတ်ထားသောဖုန်းကိုဖွင့်လိုက်တဲ့အခါညဆယ့်နှစ်နာရီကတည်းကဝင်နေသည့်ဖုန်းကောလ်တချို့နှင့်မက်ဆေ့ဂျ်ပေါင်းများစွာ
မနေ့ညကသူ့မွေးနေ့အကြိုအားကိုကိုနဲ့အိပ်ရာထက်ဆင်နွှဲခဲ့သည်မို့တတောင်တောင်တတင်တင်မြည်နေသောဖုန်းကိုသူကိုယ်တိုင်စိတ်ပေါက်ပေါက်နှင့်စက်ပိတ်ခဲ့မိသည်။
ဒီမနက်ပြန်ဖွင့်တော့မှ
တစ်ခုချင်းစီပြန်ဖြေကာတစ်ခုချင်းစီreplyပြန်နေရတာမို့နာရီဝက်လောက်က
အလိုလိုကုန်ဆုံးသွားရပြန်၏Sehunသည်အခုထက်ထိပေါ်မလာသေးတဲ့အရိပ်ကလေးကြောင့်နေမထိထိုင်မသာဖြစ်နေမိသည်မှာ
အရက်စွဲနေတဲ့အရက်သမားကရုတ်တရတ်အရက်ဖြတ်လိုက်ရသည့်အတိုင်းတစ်ခုခုကိုပြေးပဲကိုက်ချင်တာလိုလို..
ဆွဲပဲစားပစ်ချင်တာလိုလိုနှင့်
ကူပိုးကောင်ကလေးများဗိုက်ထဲပြေးလွှားနေသည့်ပမာ
ထိုသို့ထိုင်မရထမရဖြစ်နေခိုက်ဝင်လာတဲ့ဖုန်းကောလ်ကြောင့်ဆယ်ဟွန်းပြူးပြူးပြာပြာဖြင့်
ခေါ်ဆိုသူအမည်နေရာကိုကြည့်မိတော့မြင်လိုက်ရတဲ့အမည်ကPark Chanyeol

YOU ARE READING
My Polaris//Completed //
Romanceကမ္ဘာပေါ်ကအရာအားလုံးကို ကိုကိုသိစရာမလိုပါဘူး ကိုကိုကကျနော့်အချစ်တစ်ခုတည်းကိုပဲသိပေးရင်ရပြီ