ကိုယ်လက်သန့်စင်ပြီး
အိပ်ခန်းထဲဝင်လိုက်တော့
Sehunတစ်ယောက်မျက်မှန်လေးတပ်ကာ
စာရင်းတွေထိုင်စစ်နေတာတွေ့ရသည်။မျက်မှန်ဆိုမှ
Hunnieဆိုသောတစ်ယောက်ကို
သွားသတိရမိသည်။သူလဲမျက်မှန်လေးတဝင့်ဝင့်နှင့်မဟုတ်လား…
သူများအပြောသာဖြစ်၍
မျက်လုံးထဲပုံဖော်မရသည့်အတွက်
သူ့စိတ်ထဲမကျေနပ်ချင်ပါ…''ကိုကိုအိပ်တော့မလို့လား''
ခေါင်းလေးကိုဟိုဒီလှည့်၍
ခြေတွေလက်တွေအကြောဆန့်နေသည့်
Sehunကိုပြုံးပြလိုက်ရင်း''အိပ်တော့မယ်လေ
တစ်နာရီတောင်ထိုးတော့မယ်''''ဟုတ်သားပဲ…Sorry
ကျနော်လဲညဆိုအိပ်ခန်းထဲပဲ
အလုပ်လုပ်တတ်တာမို့…ဒါဆိုကျနော်ဧည့်ခန်းမှာရှိတယ်နော်
တစ်ခုခုဆိုခေါ်လိုက်…''''ဒီနားလာအိပ်လေ
မင်းပဲတစ်ယောက်တည်းမအိပ်ရဲလို့ဆို''ကုတင်ပေါ်ဝင်လှဲလိုက်ရင်း
သူ့ဘေးနားလက်ကလေးပုတ်ပြလိုက်တော့
မျက်လုံးလေးအပြူးသားနဲ့
ကုတင်လေးကိုကြည့်နေလေသော
Sehun…''ဘာလဲမအိပ်ဘူးလား
ရတယ်လေမအိပ်ရင်လဲ…''ဘေးနားစွေ့ခနဲဝင်လှဲသည့်
ကိုယ်လုံးလေး…ကုတင်လေးတောင်သိမ့်ခနဲမြည်သွားရသည်။
အိပ်ရာပေါ်မှSehunဟာသူ့ကို
သွားအတန်းလိုက်လေးပေါ်သည်အထိပြုံးပြနေလျက်''ဟီး…ကျတော်က
ကိုကိုမအိပ်တတ်လောက်ဘူးထင်လို့''ချစ်ဖို့ကောင်းအောင်ရယ်နေသော
Sehunကိုအသာခေါင်းယမ်းလိုက်ရင်း
သူခြုံထားသည့်စောင်ကိုမျှခြုံပေးလိုက်သည်။ယောက်ျားလေးတစ်ယောက်နဲ့
အတူတူမအိပ်တတ်တာရယ်လို့မရှိပေမဲ့
အခုသူတစ်မျိုးကြီးဖြစ်နေရသည်။Sehunဆီကပျံ့လွင့်လာသည့်ရနံ့လေးဟာ
ရေမွှေးနံ့တော့မဟုတ်တန်ရာ…ကိုယ်ပိုင်ရနံ့ဖြစ်သောSehunအနံ့လေးဟာ
နို့နံ့လေးလို…သင်းသင်းမွှေးမွှေးလေး…

YOU ARE READING
My Polaris//Completed //
Romanceကမ္ဘာပေါ်ကအရာအားလုံးကို ကိုကိုသိစရာမလိုပါဘူး ကိုကိုကကျနော့်အချစ်တစ်ခုတည်းကိုပဲသိပေးရင်ရပြီ