ကြားနေရသောBruno Marsရဲ့
သီချင်းသံက
အိပ်မက်လိုလို…တကယ်လိုလိုJust the way you areဆိုသော
အသံကိုပြတ်ပြတ်သားသားကြားလိုက်ရစဉ်
သူဆတ်ခနဲနိုးသွားရသည်။လင်းနေသောPhone Screenကြောင့်
စုတ်တစ်ချက်သပ်မိသွား၏ကျစ်…ဒီအချိန်ကြီးကိုကွာ…
အိပ်နေတဲ့အချိန်Phoneလာတာလောက်
စိတ်တိုတာမရှိ…စိတ်ပေါက်ပေါက်နဲ့
ဘယ်သူခေါ်တယ်ဆိုတာမကြည့်တော့ဘဲ
ဖုန်းကိုကောက်ကိုင်လိုက်ရင်း''မင်းအမေလင်ဆုံးလို့ဒီအချိန်ကြီးဖုန်းဆက်တာလား''
မတတ်နိုင်ကိုကပုံမှန်ဆို
အင်မတန်ယဉ်ကျေးလိမ္မာသောအမျိုးကောင်းသားလေး
ပေမဲ့အိပ်နေတဲ့အချိန်မပါ…တစ်ဖက်မှခေတ္တမျှတိတ်သွားတော့
သူဖုန်းချလိုက်ရန်ပြင်လိုက်စဉ်''ကိုကိုကျနော်ပါ''
ဆိုသည့်အသံကြောင့်
အိပ်ချင်စိတ်များဟာ
ကြက်ပျောက်ငှက်ပျောက်ပျောက်လျက်မျက်လုံးအစုံပြူးရလေသည်။
ဖုန်းနံပါတ်ကိုအလန့်တကြားကြည့်မိတော့
ဒုဥက္ကဌOh Sehunဟူသော
နာမည်ကသူ့ကိုဖြဲခြောက်နေသလို…တံတွေးတစ်ချက်မျိုချကာ
သူမမြင်မှန်းသိပေမဲ့
မျက်နှာကိုအတတ်နိုင်ဆုံးဖြီးလိုက်ရင်း…''အဟင်း…ဒုဥက္ကဌ
အဲလေSehunဒီအချိန်ကြီးဘာကိစ္စရှိလို့လဲမသိဘူး''''ဂျယ်ဂျူကျွန်းကိုအခုချက်ချင်းသွားရမယ်
ကျနော်နောက်၁၅မိနစ်နေရင်ကိုကို့အိမ်လာခေါ်မှာမို့
အဆင်သင့်ပြင်ထားပေးဒါပဲနော်''တီ…တီ…တီ
''ဟယ်လို…ဟယ်လို''
အိပ်ချင်မူးတူးမျက်လုံးတွေကိုအတင်းပွတ်သပ်ရင်း
စိတ်က
9:00တက်ရမဲ့ရုံးကို
8:45မှထပြီးသွားရသော
Financeကရာထူးလေးကိုပြန်လွမ်းချင်ချင်အေးလေပိုက်ဆံပိုရတဲ့အလုပ်မှန်သမျှ
မပင်ပန်းတာမှမရှိသက်ပြင်းလေးကိုချကာ
ဖြေသူကင်းမဲ့သွားသောဖုန်းကို
ကမန်းကတန်းပစ်ချရင်း
သူရေချိုးခန်းထဲတန်းဝင်ရသည်
YOU ARE READING
My Polaris//Completed //
Romantiekကမ္ဘာပေါ်ကအရာအားလုံးကို ကိုကိုသိစရာမလိုပါဘူး ကိုကိုကကျနော့်အချစ်တစ်ခုတည်းကိုပဲသိပေးရင်ရပြီ