နေရောင်ကတလဲ့လဲ့။
မနက်၉နာရီပင်ရှိနေသော်လည်း
နှင်းရိပ်တချို့ကမသဲကွဲသေး…။အနီရောင်မေပယ်လ်ရွက်တွေဟာ
မြက်ခင်းစိမ်းတွေပေါ်မှာလှလှပပကြွေကျလို့…။ဆောင်းငွေ့သန်းသောလေထုဟာလည်း
အေးတမြမြ…
။
ရာသီဥတုနဲ့ပတ်ဝန်းကျင်အနေအထားက
ကဗျာဆန်ချက်ပဲဒါပေမဲ့…သူ့ပေါင်ပေါ်မှာ
လှဲနေတဲ့အနွေးဓာတ်လေးကကဗျာပိုဆန်တယ်မျက်နှာလေးသာပေါ်နေပြီး
တစ်ကိုယ်လုံးHoodieအဝါလေးထဲနစ်မြုပ်နေတဲ့
ကြောင်ဝါလေးကဟိုတစ်လောကပဲ
လူငယ်ဆန်ချင်ပါလေရဲ့ဆိုပြီးဆံပင်ကို
ိုအရောင်ပြောင်းထားသေးတာ…နဂိုနုဖတ်နေသောမျက်နှာလေးကလည်း
တစ်ပတ်တစ်ခါSkinသွားသွားCareနေတာမို့
ထိရက်စရာပင်မရှိတော့…ဒါပေမဲ့လည်း
သူနဲ့ရည်းစားသက်တမ်းကြာလာတာနဲ့အမျှ
ပိုပြီးShowထုတ်လာတတ်သောကိုကို့ကို
အပြစ်မဆိုရက်ဘဲအချစ်ပိုလာရတာကသူအတူတွဲလျှောက်လာတိုင်း
ကိုကို့ကိုခေါတောအားတွေနဲ့ကြည့်တတ်တဲ့
မျက်လုံးတွေကို
မျက်စောင်းထိုးကြည့်ရလွန်းလို့
မျက်လုံးစွေချင်လာတာကတော့တစ်ပိုင်းပေါ့…''ဆယ်ဟွန်း…''
''အင်း…ပြောလေကိုကို…''
သူ့ပေါင်ပေါ်ကနေထလာတဲ့ကြောင်ဝါလေးက
ခြေလေးလက်လေးတွေကိုပျင်းရိပျင်းတွဲ
ဆန့်ရင်းခါးလေးတဂျွတ်ဂျွတ်ချိုးကာ
သူ့ကိုကြည့်သည်။''ကိုကိုတို့ရန်ဖြစ်ကြရအောင်…''
''ဟမ်…''
အဆက်အစပ်မရှိပြောလာသောစကားကြောင့်
သူကိုကို့ကိုကြောင်ကြည့်နေစဉ်မှာပဲ
သူ့ပေါင်ပေါ်စွေ့ခနဲပြန်တက်ထိုင်ကာ
သူ့လည်ပင်းကိုလက်လေးနှစ်ဖက်နှင့်ဆွဲယူလိုက်သော
ကိုကို……ရုတ်တရတ်ဆန်သောကိုကို့အပြုအမူတွေကြောင့်
သူ့နှလုံးသားဟာခနSystem errorဖြစ်သွားရတယ်''Hunnieလေးကိုကိုတို့ရန်ဖြစ်တိုင်းဆော့ရအောင်လေ
နော်…''ဘာရီး…
ဒီတစ်ခါတော့Virusပါအတောင့်လိုက်ဝင်သွားတယ်
![](https://img.wattpad.com/cover/183554707-288-k470013.jpg)
YOU ARE READING
My Polaris//Completed //
Romanceကမ္ဘာပေါ်ကအရာအားလုံးကို ကိုကိုသိစရာမလိုပါဘူး ကိုကိုကကျနော့်အချစ်တစ်ခုတည်းကိုပဲသိပေးရင်ရပြီ