အဖြူရောင်ရှပ်ပေါ်
နက်ပြာရောင်ကုတ်တစ်ထည်ထပ်လိုက်လျှင်
ဝတ်စားဆင်ယင်မှုအပိုင်းပြီးစီးသွားရချေသည်။ဆံပင်ကိုသေသပ်စွာဖီးသင်ရင်း
နှုတ်ခမ်းကိုတစ်ချက်ဖိကိုက်လိုက်တော့
သွေးရောင်လွှမ်းကာနီစိုသွားသော
နှုတ်ခမ်းဖူးတို့ကဆေးကူစရာမလိုတော့…မနေ့ညကအိပ်ရေးဝဝအိပ်ထားရသဖြင့်
ပါးလေးနှစ်ဖက်ကအနည်းငယ်ဖောင်းချင်ချင်…ရှည်လျားကော့ညွတ်သည့်မျက်တောင်ဖျားများ
ဝန်းရံလျက်ရှိသည့်မျက်ဝန်းတစ်စုံကတော့…
ခါတိုင်းထက်ပိုတောက်ပကာ
အရည်လဲ့နေသယောင်…မှန်ထဲကြည့်ကာယုံကြည်ချက်ရှိရှိတစ်ချက်ပြုံးလိုက်တော့
ထက်မြက်ခန့်ညားသည့်
အမျိုးသားတစ်ဦးရဲ့ပုံရိပ်ဟာ
မှန်မျက်နှာပြင်ပေါ်မှာ
အလှပဆုံးထင်ဟပ်နေလေသည်။အနီရောင်ပြိုင်ကားလေးကိုထုတ်ကာ
ကားတံခါးဖွင့်တော့…အကျင့်ဖြစ်နေသည့်အလျောက်
တစ်စုံတစ်ရာကိုစောင့်မျှော်နေသည့်စိတ်က
သူ့အလိုလိုဖြစ်တည်လာသည်။ထိုစဉ်
ကားဟွန်းတီးသံကြားလိုက်ရသဖြင့်
နှုတ်ခမ်းတို့ကအလိုလိုပြုံးသွားရသည်။ခေါင်းလေးကိုဖြေးညင်းစွာယမ်းကာ
အိမ်ရှေ့ကိုသူထွက်လာစဉ်
ကားတံခါးကိုမှီရင်း
သူ့ကိုလက်လှမ်းပြနေသည့်
သူဟာအညိုရင့်ရောင်ဝတ်စုံနှင့်
ထင်းလင်းနေလေသည်။''လာမခေါ်ပါနဲ့လို့ပြောထားရက်နဲ့''
''ကိုကိုလာမခေါ်နဲ့ပြောတိုင်းကျနော်
လာမခေါ်ဖူးတဲ့နေ့ရှိတာကျလို့ဒါနဲ့စကားမစပ်ကိုကိုဒီနေ့အရမ်းချောတယ်''
''ငါမချောတဲ့နေ့ရှိတာကျလို့''
ပြောလဲပြောLover seatထဲဝင်ထိုင်လိုက်တော့
SehunကTabletတစ်လုံးသူ့ကိုပေးသည်။''ကိုကိုပဲကြည့်ကျက်ဖြေရှင်းပေး''
''Sehunမင်းဒုဥက္ကဌလားငါဒုဥက္ကဌလား
ငါ့ဟာငါScheduleလေးတွေပဲအေးဆေးညှိ
ပါရစေကွာ''မကျေနပ်တာလည်းမဟုတ်ပါဘဲတမင်
နှာခေါင်းလေးရှုံ့ကာဆိုလေတော့Sehunကကားစတီရာရင်ပေါ်လက်ချောင်းလေးတွေ
ဟိုဆော့ဒီဆော့လုပ်ကာရယ်သည်။
![](https://img.wattpad.com/cover/183554707-288-k470013.jpg)
YOU ARE READING
My Polaris//Completed //
Romanceကမ္ဘာပေါ်ကအရာအားလုံးကို ကိုကိုသိစရာမလိုပါဘူး ကိုကိုကကျနော့်အချစ်တစ်ခုတည်းကိုပဲသိပေးရင်ရပြီ