လွန်ခဲ့တဲ့ မိနစ် အနည်းငယ်လောက်က ကျွန်တော် ဒီလမ်းကို ရင်ခုန်မှု တွေ ပျော်ရွှင်မှုတွေနဲ့ ဖြတ်လျှောက်ခဲ့ပေမယ့် အခုတော့ .......
နာကျင်နေပေမယ့် Honeyက သူချစ်ရတဲ့ သူချစ်သူမဟုတ်လား ကျွန်တော်က ဒီအတိုင်း သူ့အတွက် oh sehunဆိုတဲ့ လူတယောက်လောက်ပဲရှိမှာပေါ့ ခံပြင်းမှာပေါ့ သူလည်း မုန်းရင်တောင်မုန်းနေဦးမှာ
လေးလံတဲ့ ခြေလှမ်းတွေနဲ့ လမ်းမတလျှောက်ဦးတည်ရာမရှိလျှာက်နေမိတယ်
တယောက်နဲ့ တယောက် ချမ်းမှာစိုးလို့ တင်းတင်းကျပ် ကျပ် ဖက်ကာ လမ်းလျှောက်နေ အတွဲတွေကိုမြင်တိုင်း သူ့မျက်လုံးထဲ မှာluhanတို့ အတွဲကိုသာ မြင်ယောင်နေမိတယ်
သူတို့လည်း အခုအချိန်ဆို ဒီလိုမျိုးလည်း တူတူတွဲလျှောက်နေကြမှာပေါ့
စို့တက်လာတဲ့ တစုံတရာသော ခံစားချက်လေးကို အသာအယာ မျိုချလိုက်ပြီး ခပ်ယဲ့ယဲ့လေး ပြုံးမိလိုက်တယ်
ကိုယ်ဆီကိုယ်ဆီ သက်ဆိုင်ရာ လူတွေ နဲ လျှောက်လှမ်းနေကြတဲ့ လမ်းမထက်တာ မှာ ကျွန်တော် တယောက်ထည်း အထီးကျန်နေသလို ချစ်တဲ့ သူနဲ့ အတူတူမရှိနေနိုင်တဲ့ ကျွန်တော့အဖြစ်ကို လှောင်ရီနေကြသလားပဲ
ပတ်ဝန်းကျင်ကို မသိကျိုးနွံပြုကာ
ခေါင်းငိုက်စိုက်လျှောက်နေရင်း နောက်က ပြေးလာတဲ့ ခြေသံကြောင့် ကိုယ်လေးကို အနည်းငယ် ဘေးကပ်ပေးလိုက်တယ်
ကြည်နူးနေတဲ့ လူတွေ ကြားထဲ ကျွန်တော် အနှောက်အယှက် ဖြစ်နေစေမိပြီလား
ရုတ်တရက် ကျွန်တော် ရှေ့မှာ လာရပ်တဲ့ လူတယောက်
ကျွန်တော်လျှောက်နေတဲ့ ခြေလှမ်းတွေ တုံကနဲ ရပ်သွားကာ မော့ကြည့်လိုက်တော့
"Hyung!!!!"
သူကြည့်ရတာ နည်းနည်းမောနေသလို ပြေးလာလို့ထင်ပါရဲ့
"ဘယ်လိုလုပ်"
ကျွန်တော် အံဩဝမ်းသာ မိတာအမှန် ကျွန်တော် အရမ်းတွေ့ချင် သတိရနေတဲ့ သူက အခူလိုရောက်လာတာဆိုတော့ ကျွန်တော် နှုတ်ခမ်းတွေက ပျော်ရွှင်မှုတွေကိုဖုံးကွယ်ထားမိရင်တောင် မျက်လုံးတွေကတော့ ကျွန်တော့ ရင်တွေဘယ်လောက်ခုန်ပြီး ပျော်နေတယ်ဆိုတာ သက်သေခံပေးနေပါလိမ့်မယ်